Sunday, August 10, 2014

၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ အများအားဖြင့် မုတ်သုံလေ အများအားဖြင့် အားအသင့်အတင့်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတါင်း နောက်(၄၈)နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ဖွယ်ရာမရှိပါ။ ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်းငယ်ဟာ ဖိလစ်ပိုင် နိုင်ငံဆီသို့ ဦးတည်ရွေ့လျှား နေရာမှ လမ်းကြောင်း ပြောင်းကာ မြောက်ဖက်သို့ ရွေ့လျှားနေပြီဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေ။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းမှာ(၄-၅)ပေခန့်နဲ့ကမ်းလွနမှာ(၆-၇)ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းမှာ...

သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချထားမှု ဖြစ်ပွား

ဟုမ္မလင်း ၊ ၁၁-၈-၂၀၁၄  စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း တွင် သြဂုတ် ၇ ရက် နံနက် ၁ နာရီ က ယောက္ခမနှင့် စကားများသည့် သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချ ထားမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဟုမ္မလင်း မြို့နယ် နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း နေ ကိုမောင်မောင်သန်း သည် တစ်အိမ်တည်း အတူနေ သူငယ်ချင်း ဖြစ်သူ မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး နှင့်အတူ အရက် သောက်စား ခဲ့ကြသည်။ ထို့နောက် မောင်နေမင်းဇော် (ခ)...

ထူးကဲဒီရေတက်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသတချို့မှ ပြည်သူများ စိုးရိမ်မှုဖြင့် စောင့်ကြည့်လျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၀- မြန်မာနိုင်ငံ တွင် မိုးလေဝသနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားသည့် အတိုင်း ထူးကဲဒီရေ ခုနစ်ပေအထိ တက်ခြင်းမရှိသော်လည်း မြန်မာ နိုင်ငံအောက်ပိုင်းဒေသတချို့မှ ပြည် သူများက စိုးရိမ်မှုဖြင့် စောင့်ကြည့် လျက်ရှိနေကြကြောင်း အဆိုပါဒေသ ခံတချို့၏ပြောကြားချက်များအရ သိရသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တွင်နေထိုင် သူ ကိုကျော်ခိုင်စိုးက ''ရေ တစ်ပေလောက် ကျသွားပြီ။ အခြေ အနေလဲ ကောင်းနေပါပြီ။ ၁ဝရက် နေ့ ရေကြီးမယ်ပြောလို့လဲ အဆင် သင့်လုပ်ထားတယ်။ ဒါပေမဲ့ ဆိုးဆိုး ရွားရွားရေကြီးတာတော့ မဖြစ်သေး ပါဘူး။ လောလော ဆယ်တော့ အေး အေးဆေးဆေး ပါပဲ။ စိုးတော့ စိုးရိမ်...

ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူ၊ စိတ်ဝင်စားသူများဖြင့် သာကေတ ရှုခင်းသာတွင် စည်ကားနေ

သာကေတ၊ ရှုခင်းသာကလေးကစားကွင်းအဟောင်းအနီး ဆိပ်ကမ်းတွင် ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှုကို ဩဂုတ် ၁၀ရက်၌ ကြည့်ရှုနေသည့် ပြည်သူများ။ ဓာတ်ပုံ - ကျော်စွာဝင်း ၁၁ နှစ်ကြာ ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်း များကို သြဂုတ် ၁၀ ရက်တွင် စတင်ပြီဟု စီစဉ်သူတို့က ဆိုလိုက်ကြပြီး စိတ်ဝင်စားသူ အချို့ လာရောက် ကြည့်ရှုခြင်းဖြင့် သာကေတမြို့နယ် ယခင်ရှုခင်းသာ ကလေးကစားကွင်းတစ်ဝိုက် စည်ကား လျက်ရှိသည်။ “ဒီနေ့လုပ်ငန်းတွေကို စပါတယ်။ မြစ်သုံးဆိုင်နေရာမှာပါပဲ။ နေရာရွှေ့တယ် ရပ်တယ်ဆိုတာတွေက...

တည်ငြိမ်အေးချမ်းသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မန္တလေးခရိုင် အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းပေးခြင်း မရှိသေးသည့် အပေါ် မြို့ခံများဝေဖန်

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေးမြို့တွင်း တစ်နေရာတွင် လုံခြုံရေးဆောင် ရွက်နေသည်ကို သြဂုတ် ၉ ရက်ညပိုင်းက တွေ့ရစဉ် မန္တလေးမြို့တွင် ဇူလိုင်လဆန်းပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထုတ်ပြန် ထားခဲ့သည့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးသည့်အပေါ် မြို့ခံများက ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည်။ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မန္တလေးခရိုင်အတွင်း၌ ဇူလိုင် ၃ ရက်နှင့် ဇူလိုင် ၄ ရက်တို့မှ စတင် ကာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ...

စားဝတ်နေရေး အခက်အခဲကြောင့် အခြေခံလူတန်းစားများ ဆံပင်ဖြတ်ရောင်းမှု များပြားလာ

စားဝတ်နေရေး အခက်အခဲနှင့် အကြောင်းအမျိုးမျိုးသော ငွေကြေးအခက်အခဲများကြောင့် ဆံပင်အ၀ယ်ဆိုင်များတွင် ဆံပင်ဖြတ်ရောင်းသူများ အများအပြားရှိလာကြောင်း သိရသည်။ ဆံပင်ဖြတ်ရောင်းရခြင်း၏ အကြောင်းအရင်းများမှာ ကျန်းမာရေးနှင့် လူမှုရေး အကြောင်းအရင်းများကြောင့်ဖြစ်ပြီး များသောအားဖြင့် စားဝတ်နေရေး မပြေလည်ခြင်းကြောင့်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရှိ ဆံပင်အ၀ယ်ဒိုင်များထံမှ သိရသည်။ “တချို့ကျတော့ ကျန်းမာရေးကြောင့် ဆေးဖိုးမတတ်နိုင်လို့ လာဖြတ်ရောင်းတယ်။ တချို့ဆိုရင် ကားပေါ်မှာ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့ ပြန်စရာလမ်းစရိတ် မရှိတာနဲ့ ကြံရာမရတဲ့အဆုံး ဆံပင်ဖြတ်ရောင်းကြတယ်။...

အိန္ဒိယလျှပ်စစ် တမူးမြို့သို့ သုံးလအတွင်း ပို့လွှတ်ဖွယ်ရှိ

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးမြို့သို့ လျှပ်စစ်မီးပေးနိုင်ရေး အိန္ဒိယအစိုးရ သဘောတူညီပါက အောက်တိုဘာလအတွင်း ဖြစ်မြောက်လာဖွယ်ရှိသည်ဟု တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်းက မဇ္ဈိမကို ပြောသည်။ “အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကနေ တမူးမြို့ကို လျှပ်စစ်ဓာတ်အားလိုင်းသွယ်ဖို့ နှစ်ဖက်တော့ ဆွေးနွေး ထားပါတယ်။ မြန်မာဘက်က ကမ်းလှမ်းတာပါ။ သူတို့က ဗဟိုအစိုးရကို တင်ပြဦးမယ် ပြောပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းကိစ္စကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှ စီးပွားရေးနှင့် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံဘက်မှ လျှပ်စစ် ၀န်ကြီး ဦးခင်မောင်စိုးတို့ သြဂုတ်လ ၄ ရက်က တမူးမြို့တွင်...

Thursday, August 07, 2014

Wednesday, August 06, 2014

MH370 ရှာဖွေရေး တာဝန်ယူမည့် ကန်ထရိုက်တာ ကုမ္ပဏီကို အတည်ပြုကြေညာ

ကာလရှည်ကြာ ပျောက်ကွယ်နေသည့် MH370 လေယာဉ်ကို တာဝန်ယူ ရှာဖွေမည့် ကန်ထရိုက်တာအဖြစ် နယ်သာလန် ကုမ္ပဏီ တစ်ခုကို အတည်ပြု ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။ Fugro Survey ကုမ္ပဏီသည် မတ်လ(၈)ရက် ကတည်းက အကြောင်းရင်းမသိ ပျောက်ဆုံးသွားသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ကို ရှာဖွေမည့် လုပ်ငန်းစဉ်များကို ဩစတြေးလျ အစိုးရ ထံမှ လက်လွှဲယူမည် ဖြစ်သည်။ Fugro Survey သည် သင်္ဘောနှစ်စီးကို အသုံးပြုကာ အိန္ဒိယ သမုဒ္ဒရာ ထဲတွင် လေယာဉ်ပျက်ကို ဖြန့်ကျက် ရှာဖွေသွားမည် ဖြစ်သည်။ အဆိုပါ သင်္ဘောများတွင် အသံလှိုင်း အာရုံခံစနစ်များ၊...

ပြိုင်ကားက ဆိုင်ကယ်လေးစီးကိုဆင့်တိုက်

မန္တလေး သြဂုတ် ၅မန္တလေး-မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၅၅ လမ်းထောင့်အနီးရှိ ပတ္တမြား လက်ဖက်ရည်ဆိုင်ရှေ့ တွင် သြဂုတ် ၃ ရက် ည ၉ နာရီခန့်က ပြိုင်ကားတစ်စီးက ဆိုင်ကယ်လေးစီးကို ဆင့်တိုက်သည့် ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မန္တလေးချမ်းအေးသာစံမြို့နယ် ၈၆ လမ်းနှင့် လမ်း ၃ဝ ထောင့်အနီးနေ ဉာဏ်မောင် သန့်မောင်းနှင် လာသော အနက်ရောင် ပြိုင်ကား ၉ဂ/---- သည် လမ်းအနောက်မှ အရှေ့ သို့မောင်းနှင် လာစဉ် အရှိန် မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် ရပ်နားထားသော ဆိုင်ကယ်လေး စီးကို ဆက်တိုက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း...

အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများ လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စတင် ဆောင်ရွက်နေပြီ

ရန်ကုန်၊ သြဂုတ် ၅ အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများကို လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ဗဟိုကူးစက်ရောဂါဌာနမှ ဒေါက်တာကျော်ကံကောင်း က ”ဒါနဲ့ပတ်သက်ပြီး လေဆိပ်မှာ စမ်းလို့ရတဲ့ဟာက ဖျားလာသလား စမ်းသပ်တာပေါ့။ ဖျားတယ်ဆိုတာကို လည်း ကျွန်တော်တို့က ပြဒါးတိုင်နဲ့လိုက်တိုင်းနေတာ မဟုတ်ဘူး။Infrared (အင်ဖရာရက်ဒ်)နည်းနဲ့ စစ်ဆေးတဲ့ ကင်မရာတွေတပ်ဆင်ထားတယ်။ အဲဒီကင်မရာနဲ့လူတွေရဲ့ အပူချိန်ပေါ်မူတည်ပြီး လူမှာရှိရမယ့် ကိုယ်အပူချိန်ကို ကင်မရာက အရောင်တွေနဲ့...

Tuesday, August 05, 2014

စင်းလုံးငှား လူနာတင်လေယာဉ် ၀န်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်မည်

 မြန်မာနိုင်ငံမှာ လူနာတင်လေယာဉ် ၀န်ဆောင်မှု လုပ်ငန်းကို ထိုင်းနဲ့ မြန်မာကုမ္ပဏီတွေ ပူးပေါင်း လုပ်ဆောင် ဖို့ ရှိနေပြီး ပြည်တွင်းမှာ လာရောက် ရင်းနှီမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကြောင့် ဒီလုပ်ငန်းဟာ အနာ ဂတ်မှာ အရေးပါ တဲ့ ဈေးကွက်တခု ဖြစ်လာမယ်လို့ Myanmar MJETS Business Aviation Centre က စီမံခန့်ခွဲရေး ဥက္ကဋ္ဌက ပြောပါတယ်။MJets_CJ3ပြည်တွင်းက Myanmar MJETS Business Aviation Centre က စင်းလုံးငှားလေယာဉ် ၀န်ဆောင်မှု နဲ့ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံက ပုဂ္ဂလိက ပိုင် လေကြောင်းကုမ္ပဏီတခုဖြစ်တဲ့...

ဘင်္ဂါလီများကို နိုင်ငံသား ဟုတ် မဟုတ် လူတွေ့စစ်ဆေးမှုစတင်

ရန်ကုန်၊ သြဂုတ် ၅ နိုင်ငံသားအဖြစ် လျှောက်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဘင်္ဂါလီ တစ်ထောင်ကျော်အနက် ၁၀ ဦးကို သြဂုတ်လ ၅ ရက်နေ့တွင် လူချင်းတွေ့ဆုံကာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမောင်ရေချမ်းက ပြောကြားသည်။ နိုင်ငံသား အဖြစ် လျှောက်ထားသူ ၁၀၉၄ ဦးတွင် ၇၈၀ ကျော်မှာ မိဘများ ဖြစ်ကြသဖြင့် အဆိုပါ မိဘများကိုသာ စစ်ဆေးမည်ဖြစ်ပြီး နိုဝင်ဘာလ နောက်ဆုံးအပတ်အထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် စစ်ဆေးခဲ့သူများမှာ သုံးခေါက်ချိုးကတ်...

အွန်လိုင်းစာသောက်ဆိုင်လမ်းညွှန် MyLann စာမျက်နှာ စတင်တော့မယ်

မြန်မာပြည်သူတွေ စားသောက်ဆိုင်တွေကို အလွယ်တကူရှာဖွေပေးနိုင်မယ့် လမ်းညွှန်နဲ့ အစား အသောက်ဆိုင်ရာ လမ်းညွှန်တွေကို ပေးမယ့် MyLann အင်တာနက်စာမျက်နှာ ပေါ်ပေါက်လာပါပြီ။ ဒီလမ်း ညွှန်စာ မျက်နှာဟာ မြန်မာပြည်သူတွေအတွက် အဓိကရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲ။ မြန်မာနိုင်ငံ မှာ လမ်းညွှန်တစ်ခုခုနဲ့ပတ်သက်ရင် စာအုပ်ကိုသာ အဓိကထုတ်ဝေနေခဲ့ပေမယ့် အခုတော့ Online နည်းပ ညာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုတာ များလာတာကြောင့် လမ်းညွှန်ရှာဖွေရာမှာ ပုံနှိပ် စာအုပ်တွေက စာမျက်နှာအခက်အခဲနဲ့ အချက်အလက် မပြည့်စုံတာတွေ ရှိတာကြောင့်...

ဆိုက္ကားနှင့် လမ်းလျှောက်နေသူတို့အား တိုက်မိပြီး ဆက်လက်မောင်းနှင်စဉ် အခြားယာဉ် (၂)စီးအား ထပ်မံတိုက်မိ

ရန်ကုန်၊ သြဂုတ် ၆ ၅.၈.၂၀၁၄ရက်နေ့ ၁၄၃၀အချိန် ရန်ကင်းမြို့နယ်၊ကံဘဲ့ဘူတာရုံလမ်းသွယ်အတိုင်းသစ္စာလမ်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော CC---တိုယိုတာစပရင်တာအဖြူရောင် အငှားယာဉ်သည် ဆိုင်ခန်းအမှတ် (၇)ရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ဆိုက္ကားနှင့် လမ်းလျှောက်သွားနေသူ ရန်ကင်းမြို့နယ်နေ ဒေါ်သန်းသန်းထွေးတို့အားတိုက်မိပြီး ဆက်လက်မောင်းနှင်သွားခဲ့ပါသည်။ ထိုသို့မောင်းနှင်သွားခဲ့ရာသစ္စာလမ်းထိပ်အရောက်ဝဲဘက်သို့ချိုးကွေ့မာင်းနှင်စဉ်သစ္စာလမ်း အတိုင်း ကံဘဲ့ဘက်မှ မိုးကောင်းဘက်သို့ မောင်းနှင်လာသည့် 2G---ဟွန်ဒါဖစ်မီးခိုးရောင်ကိုယ်ပိုင်ယာဉ်အား...

ရထားလမ်းအားဖြတ်ကူးသူအမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံး

ရန်ကုန်၊ သြဂုတ် ၆ ၅.၈.၂၀၁၄ရက်နေ့ ၂၁၃၀အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အင်းဝလမ်း မီးရထားသံလမ်းဂိတ်အနီးတွင် အမျိုးသားတစ်ဦး ရထားတိုက် ခံရသဖြင့် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့် ရှိ အမည်မသိ မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းနောက်စေ့၊ ဝဲဒူးတို့ တွင် ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၂၁၂၀အချိန် သေဆုံးသူအမျိုးသားသည်...

နစ်မြုပ် အဏ္ဏ၀ါမင်း ငါးဖမ်းစက်လှေက ရေလုပ်သားများကို ရှာဖွေနေဆဲ

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်ကြား ပင်လယ်ပြင်ထဲမှာ အဏ္ဏ၀ါမင်း ၉ အမည်ရှိ ပုဂ္ဂလိက ငါးဖမ်းစက်လှေတစီး နစ်မြှုပ်ခဲ့ရာမှာ ရေလုပ်သား ၆ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေ မယ့် ပျောက်ဆုံးနေ သူတွေကို ဆက်လက်ရှာဖွေနေရတယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။ အဏ္ဏာဝါမင်း အမှတ် ၉ ငါးဖမ်းလှေဟာ သြဂုတ် ၂ ရက်နေ့ မွန်းလွဲပိုင်းက နစ်မြုပ်သွားတာ ဖြစ်ပါတယ်။ စက်လှေပေါ် မှာ လူ ၂၅ ဦး လိုက်ပါသွားရာမှာ လက်ရှိ ကျောက်ဖြူမြို့ကို လူ ၆ ဦး ပဲရောက်ပြီး ၁၉ ဦး ပျောက်ဆုံးနေ တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး...

“My Lovely Girl” ဇာတ်ကားတွင် f(x) အဖွဲ့မှ ခရစ္စတယ် ပါဝင်သရုပ်ဆောင်မည်

f(x)အဖွဲ့မှ ခရစ္စတယ်သည် မကြာမီ ရိုက်ကူးမည့် SBS ဇာတ်လမ်းတွဲ “My Lovely Girl”တွင် မင်းသားချောရိန်းနှင့် အတူ အဓိက အခန်းကဏ္ဍမှ ပါဝင် သရုပ်ဆောင် မည်ဖြစ်ကြောင်း k pop သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။ ခရစ္စတယ်သည် ယင်းဇာတ်လမ်းတွဲတွင် အဓိက ဇာတ်ဆောင် မင်းသမီး ဆီနာအဖြစ် သရုပ်ဆောင်ရန် အတည်ပြု ပြောကြား ထားပြီးဖြစ်သည်။၎င်းသည် ရိန်းထက် အသက် ၁၂ နှစ်ငယ်ပြီး အပြစ်ကင်းသည့် မိန်းမလှလေး ပုံစံပေါက်သည့် အပြင် အမြင် စူးရှသောကြောင့် ဇာတ်ကားအတွင်း ဆီနာ၏ အခန်း ကဏ္ဍတွင် အံဝင်ဂွင်ကျ သရုပ်ဆောင် နိုင်မည့်သူဖြစ်ကြောင်း၊ ထို့အပြင် ဂီတလောကမှ...

Monday, August 04, 2014

မွန်းတည့်နေ သတင်းသမားတွေအပေါ် အမှုပြောင်းတရားစွဲ

သတင်းရေးသား ဖော်ပြမှုကြောင့် ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ Bi မွန်းတည့်နေ သတင်းဂျာနယ်က အယ်ဒီတာ တဦးကို ဒီကနေ့ တရားရုံးထုတ်စဉ်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့  ဂျာနယ် တာဝန်ရှိသူ ၅ ဦးကို လည်း ပြစ်ဒဏ်သက်သာတဲ့ ပုဒ်မတွေ ပြောင်းလဲ တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း အာဏာပိုင်တို့ ဘက်က သတင်းမီဒီယာအပေါ် တင်းတင်းမာမာ ကိုင်တွယ်နေတာတွေ လျော့ကျလာတာလို့လည်း ရှုမြင်ချက်တွေ ရှိနေပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့...

ကမ္ဘာ့မြို့ကြီး ၇ မြို့မှာ စတင် ကြော်ငြာ လိုက်သည့် ဒုတိယမြောက် CR7 အတွင်းခံ

အင်္ဂလန်၊ သြဂုတ် ၄။ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒို ပိုင်ဆိုင်သည့် CR7 အ၀တ်အစား ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒုတိယမြောက် CR7 အတွင်းခံကို ကမ္ဘာ့ နာမည်ကြီး မြို့ကြီးများ ဖြစ်သည့် လန်ဒန်၊ ပဲရစ်၊ မီလန်၊ ဘာလင်၊ နယူးယော့ခ်၊ လစ္စဘွန်းနှင့် မက်ဒရစ် မြို့ကြီးများတွင် စီရော်နယ်ဒို၏ ကြီးမားသော ရုပ်ပုံကြီး များဖြင့် စတင် ကြေညာ လိုက်ပြီ ဖြစ်သည်။ စီရော်နယ်ဒိုသည် ထိုကြော်ငြာ ဓာတ်ပုံများကို နာမည်ကြီး ဓာတ်ပုံဆရာ ရန်ကင်နှင့် ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုက ၎င်းသည် ဖက်ရှင်နှင့် ပတ်သက်လာလျှင် ဒေါသထွက်လွယ် တတ်သူ ဖြစ်ကြောင်းနှင့်...

မြန်မာပြည်အနှံ့ မိုးသည်းထန်ရေကြီး

ပဲခူးတိုင်း၊ ပဲခူးမြို့ မြေနိမ့်ပိုင်းမှာ လူနေရပ်ကွက်နဲ့ လူသွားလမ်းတွေ ရေကျော်နေတဲ့အခြေအနေ။ (သြဂတ် ၄၊ ၂၀၁၃၄) မြန်မာနိုင်ငံတွင်းက တိုင်းဒေသကြီး တချို့မှာ ဒီသီတင်း ပတ်တွင်း မိုးသည်း ထန်စွာ ဆက်တိုက်ရွာသွန်း တဲ့ အတွက် နေအိမ်တွေနဲ့ ကားလမ်း တွေမှာ ရေကြီး ရေလျှံ နေပါတယ်။ ရေဘေး ဒဏ်ကြောင့် လယ်ယာ ဧကစိုက်ပျိုး မြေတွေ ရေနစ် မြုပ်ကုန်မှာ ကိုလည်း စိုးရိမ် နေကြ ပါတယ်။ မြန်မာနိုင်ငံ တဝှမ်း မြစ်ရေကြီးပြီး စိုးရိမ်ရေမှတ် ကျော်လွန်လာနိုင် ခြေရှိတဲ့ အတွက်လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အရေးပေါ် သတိပေးချက်တွေ...

Ebola ဗိုင်းရပ်စ် ကူးစက်သူ နိုင်ဂျီးရီးယားမှာ ထပ်မံတွေ့ရှိ

အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် အသိပေးဆိုင်းဘုတ်အား လိုင်ဘေးရီးယားမှာ စိုက်ထူထားပုံ။ နိုင်ဂျီးရီးယားနိုင်ငံမှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရသူကို ကုသပေးတဲ့ ဆရာဝန် တယောက် လွန်ခဲ့တဲ့ ၁၀ ရက်က Lagos မြို့မှာ သေဆုံးခဲ့ တာဟာ ဒုတိယမြောက် သေဆုံးမှု ဖြစ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။ နိုင်ဂျီးရီးယား တာဝန်ရှိ သူတွေက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရေး ဆောင်ရွက်ချက် အနေနဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈ ဦးကို သီးခြား ခွဲထား ရှိထားပြီး နောက်ထပ် သုံးယောက်တို့ ကိုလည်း စစ်ဆေးမှု...

ဂါဇာက နေရာအချို့မှာ အစ္စရေး ၇ နာရီ အပစ်ရပ်ထား

ဂါဇာ ဒေသ နယ်မြေအချို့မှာ အစ္စရေး တို့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ၇ နာရီကြာ ရပ်စဲထားဖို့ အစ္စရေးတို့ဘက်က ကြေညာတဲ့ အစီအစဉ်ဟာ အခု စတင် သက်ရောက် နေပါပြီ။ ခြွင်းချက် အနေနဲ့ ဂါဇာ တောင်းပိုင်းက ရာဖာ မြို့မှာတော့ ဒီ ၇ နာရီကြာ အပစ်ရပ် အစီအစဉ် သက်ရောက်မှာ မဟုတ်ဘဲ ပါလက်စတိုင်း ဘက်က တိုက်ခိုက်လာရင် တုံ့ပြန် တိုက်ခိုက် သွားမယ်လို့ အစ္စရေး စစ်တပ် အရာရှိ တဦးက ပြောပါတယ်။  အပစ်ရပ်ဖို့ ကြေညာပြီး မကြာခင် ဂါဇာက အိမ်တလုံး အပစ်ခံရ ဒီလို အစ္စရေးတို့ရဲ့ ယာယီ အပစ်ရပ်ထားမယ့် အစီအစဉ် စတင်ပြီးနောက် သိပ်မကြာခင်မှာပဲ...

သက်သေမခိုင်လုံလို့ မွန်းတည့်နေ အယ်ဒီတာ ပြန်လွတ်

အပတ်စဉ်ထုတ် မွန်းတည့်နေ ဂျာနယ်က ဖမ်းဆီးခံရသူ ၆ ဦးထဲက အမှုဆောင် အယ်ဒီတာ ကိုရဲမင်းအောင်ကို ခိုင်လုံတဲ့ သက်သေမလုံလောက်လို့ဆိုပြီး ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီနေ့ လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ ၅ ဦးကို အရင်ကစွဲဆိုထားတဲ့ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ) နဲ့ ၅ (ည) တို့နဲ့ အမှုဖွင့် ထားရာကနေ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲတရားစွဲလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ "အခု ကျင့်ထုံးပုဒ်မ ၁၆၉ အရပဲပေါ့၊ တရားစွဲဆိုမှု သက်သေခံချက်မလုံလောက်ရင်...

ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့၍ (၈)ဦးဒဏ်ရာရ

 ရန်ကုန်၊ သြဂုတ် ၄  ၄.၈.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန်တွင် မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်း အတိုင်းတောင်မှမြောက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်စိုး၊ (၄၅)နှစ်မောင်းနှင်လာသော O----- (၇၉)ယာဉ်လိုင်း သန်မြန်သူ ခရီးသည်တင် ဒိုင်နာယာဉ်သည် (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းဆုံမီးပွိုင့်အနီးအရောက် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တွင် တိမ်းမှောက်သွားခဲ့ပါသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၈)ဦးမှာ ပွန်းပဲ့ဖူးရောင် နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်(၅)ဦး၊...

Bi မွန်းတည့်နေ သတင်းသမားတွေကို ရုံးထုတ်

ဇူလိုင် ၆ ရက်နေ့ထုတ် Bi မွန်းတည့်နေ ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်တယ်ဆိုတဲ့ သတင်းကို ရေးသားခဲ့တဲ့ သတင်းထောက်တွေကို တနင်္လာနေ့မှာ ရုံးထုတ်ခဲ့ပါတယ်။ အဲဒီအထဲက အယ်ဒီတာ ကိုရဲမင်းအောင် ကိုတော့ ပြန်လွှတ်ပေးလိုက်ကာ၊ ကျန် သတင်းထောက်တွေကိုတော့ စွဲဆိုထားတဲ့ ပုဒ်မတွေ ပြောင်းလိုက်ပြီး အသရေဖျက်မှု၊ ပူးပေါင်း ကြံစည်မှုတို့နဲ့ စွဲဆိုလိုက်ပါတယ်။ အခုလို ပုဒ်မ ပြောင်းလိုက်တဲ့အတွက် အရင် ပုဒ်မထက် ပြစ်ဒဏ် သက်သာနိုင်ပါတယ်။ ပြီးခဲ့တဲ ဇူလိုင်လအတွင်း...

Wednesday, July 30, 2014

Header Wrapper

...

Tuesday, July 29, 2014

ဗီဒီယို အကြိုခံစားခြင်း နိမိတ်စကား

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်စစ်မှန်ကန်ပါကဖြောင့်ဖြူးခြင်းမရှိသလို၊ အချစ်တွင် ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုမိုမြင့်မြတ်ကြောင်းပြသချင်သည့် ရည်ရွယ်ချက်ဖြင့်ရိုက်ကူးထားသည့်ဇာတ်ကားလေးတစ်ကား အကြောင်းဖော်ပြပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့ နာမည်ကတော့ ‘နိမိတ်စကား’ ပါ။ နှစ်သက်စဖွယ်ငယ်စဉ်အချိန်က မိဘမဲ့ဂေဟာမှာနေလာခဲ့ရပေမယ့် ချမ်းသာတဲ့ သူဌေးလင်မယားက မွေးစားခဲ့တာကြောင့် နိုင်ငံခြားမှာတောင် သွားရောက်ပညာသင်နိုင်ခဲ့တဲ့ သူဌေးသမီးလေးတစ်ယောက် အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ နိုင်ငံခြားမှာ ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ပညာ...

MH17 ပျက်ကျသည့် နေရာ အစိတ်အပိုင်း အချို့ကို ယူကရိန်းစစ်တပ် ထိန်းချုပ်ခွင့်ရလာ

ယူကရိန်း စစ်တပ်များသည် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများ ပျံ့နှံ့နေသည့် ဧရိယာ အချို့ကို ထိန်းချုပ်ခွင့် ရလာနေပြီဟု သူပုန်တပ်များဘက်က ပြောကြားခဲ့သည်။ ယူကရိန်း စစ်တပ်သည် ရုရှားလိုလားသည့် ခွဲထွက်ရေး သူပုန်များအပေါ် စစ်ရေး အသာစီး ရလာပြီးနောက် ဇူလိုင်(၂၈)ရက်တွင် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများ ရှိနေသည့် နေရာအချို့ကို သူပုန်များလက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းပိုင် MH17 သည် သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်း ပစ်ချမှုကြောင့်ဟု ယူဆရသော အခြေအနေကြောင့် ဇူလိုင်(၁၇)ရက်က...

အင်းလျားကန်အတွင်းမှ အမျိုးသားအလောင်းကိစ္စ တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းများကိုအမှုဖွင့်

ဧည့်သည် အမျိုးသား အလောင်းကို ရန်ကုန်မြို့ အင်း လျားကန်ထဲတွင် ဖျောက်ဖျက် ခဲ့သည့် တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းလေးဦးတို့ကို ကြည့်မြင် တိုင်ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့် အရေးယူ ထား ကြောင်း သတင်းရရှိသည်။  ရန်ကုန်မြို့ စိမ်းလန်းစိုပြည် ဥယျာဉ်ရှိ အင်းလျားကန်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည့် အမျိုးသား အလောင်းကို ဇူလိုင် ၂၃ ရက်က သက်ဆိုင်ရာက တွေ့ရှိခဲ့၍ စုံစမ်းခဲ့ရာ ဇူလိုင် ၂၀ ရက်က ကြည့်မြင် တိုင်မြို့နယ် အတွင်းရှိ စိတ်ကူးသစ်တည်းခို ခန်းတွင် တည်းခိုနေထိုင်ခဲ့သူတစ် ဦးဖြစ်ကြောင်း  စစ်ဆေးပေါ်...

Page 1 of 812345Next