Tuesday, August 05, 2014

ရထားလမ်းအားဖြတ်ကူးသူအမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံး


ရန်ကုန်၊ သြဂုတ် ၆

၅.၈.၂၀၁၄ရက်နေ့ ၂၁၃၀အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အင်းဝလမ်း မီးရထားသံလမ်းဂိတ်အနီးတွင် အမျိုးသားတစ်ဦး ရထားတိုက် ခံရသဖြင့် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့် ရှိ အမည်မသိ မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းနောက်စေ့၊ ဝဲဒူးတို့ တွင် ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၁၂၀အချိန် သေဆုံးသူအမျိုးသားသည် မီးရထားလမ်းအားဖြတ် ကူးစဉ် ရန်ကုန် မှနေပြည်တော် သို့ပြေးဆွဲသော အမှတ်(၇)အဆန်ရထားနှင့်တိုက်မိသဖြင့် ဒဏ်ရာ ရသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မ ရဲစခန်းသေ မှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment