Tuesday, August 05, 2014

အွန်လိုင်းစာသောက်ဆိုင်လမ်းညွှန် MyLann စာမျက်နှာ စတင်တော့မယ်



မြန်မာပြည်သူတွေ စားသောက်ဆိုင်တွေကို အလွယ်တကူရှာဖွေပေးနိုင်မယ့် လမ်းညွှန်နဲ့ အစား အသောက်ဆိုင်ရာ လမ်းညွှန်တွေကို ပေးမယ့် MyLann အင်တာနက်စာမျက်နှာ ပေါ်ပေါက်လာပါပြီ။ ဒီလမ်း ညွှန်စာ မျက်နှာဟာ မြန်မာပြည်သူတွေအတွက် အဓိကရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲ။
မြန်မာနိုင်ငံ မှာ လမ်းညွှန်တစ်ခုခုနဲ့ပတ်သက်ရင် စာအုပ်ကိုသာ အဓိကထုတ်ဝေနေခဲ့ပေမယ့် အခုတော့ Online နည်းပ ညာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုတာ များလာတာကြောင့် လမ်းညွှန်ရှာဖွေရာမှာ ပုံနှိပ် စာအုပ်တွေက စာမျက်နှာအခက်အခဲနဲ့ အချက်အလက် မပြည့်စုံတာတွေ ရှိတာကြောင့် တကယ် ရှာမယ်ဆို ရင်လည်း Online ထက် အချိန်ပိုကုန်တယ်လို့ MyLann ထူထောင်သူ ကိုခိုင်လင်းက ရှင်းပြပါတယ်။

စားသောက်ဆိုင်လမ်းညွှန်အတွက် အကောင်းဆုံးလို့ ရည်ညွှန်းထားတဲ့ mylann.comမှာ ဝင်ရောက်ကြည့် သူရော စားသောက်ဆိုင်လမ်းညွှန်အဖြစ် ပါဝင်ချင်တဲ့ ဆိုင်တွေအတွက် အခမဲ့သတ်မှတ်ထားပြီး MyLann ကို စီးပွားရေးကြော်ငြာတွေ ကနေ ဝင်ငွေရှာမှာဖြစ်ပြီး ကြော်ငြာ ၃မျိုးရှိတယ်လို့ ကိုခိုင်လင်းက ရှင်းပြပါတယ်။

အွန်လိုင်း စားသောက်ဆိုင် လမ်းညွှန်ဆိုတာကို စားသောက်ဆိုင်တွေက နားမလည်ကြလို့ နားလည် မှုလွဲတာတွေ ရှိခဲ့ပေမယ့် အခုတော့ MyLann လမ်းညွှန်မှာ စားသောက်ဆိုင်အဆင့်အတန်း အမျိုးမျိုးကို စုံလင်အောင် တင်ပြပေးထားပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးလာချိန် ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာတော့မယ့်အချိန်မှာ အွန်လိုင်းပေါ်ကနေ သက်တောင့်သက်သာဖြစ်စေမယ့် လူမှုဘဝစတိုင်လ် တွေ ပြောင်းလဲနေကြပါတယ်။ MyLann ကတော့ သြဂုတ် ၁၅ရက်နေ့မှာ တရားဝင်စတင်မိတ်ဆက်တော့မယ်လို့ ဆိုပါတယ်။


Kamayut Media
(
) -
%
Estimated Time:

Global Preferences
(
) -
%
Estimated Time:
Global Preferences

0 comments:

Post a Comment