Sunday, August 10, 2014

သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချထားမှု ဖြစ်ပွား


ဟုမ္မလင်း ၊ ၁၁-၈-၂၀၁၄

 စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း တွင် သြဂုတ် ၇ ရက် နံနက် ၁ နာရီ က ယောက္ခမနှင့် စကားများသည့် သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချ ထားမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟုမ္မလင်း မြို့နယ် နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း နေ ကိုမောင်မောင်သန်း သည် တစ်အိမ်တည်း အတူနေ သူငယ်ချင်း ဖြစ်သူ မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး နှင့်အတူ အရက် သောက်စား ခဲ့ကြသည်။

ထို့နောက် မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး သည် ကိုမောင်မောင်သန်း ၏ ယောက္ခမ ဖြစ်သူ ဦးစန်းရီ နှင့် စကားပြောဆို ရာတွင် မချေမငံ ပြောဆို ဆက်ဆံ ခဲ့သည်ဟု ဆိုကာ ကိုမောင်မောင်သန်း က ဓားဖြင့် ခုတ်ခဲ့သဖြင့် မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး ၏ ဝဲဘက် တံတောင်ဆစ် နေရာတွင် ပြတ်ရှ ဒဏ်ရာ၊ ဝဲဘက် လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းတို့ ပြတ်တောက် ဒဏ်ရာ၊ ယာကျောပြင် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ဒူး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ဝဲဘက်ခြမ်း နေရာ ပြတ်ရှ ဒဏ်ရာ၊ ဦးခေါင်း ယာဘက် ဦးရေပြား ပြတ်ရှ ဒဏ်ရာ နှင့် ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာများ ရရှိကာ သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း မှုခင်း ဆေးစာဌာန ၏ မှတ်တမ်းများ၌ ဖော်ပြ ထားသည်။

သေဆုံးသူသည် ခိုက်ရန် ဖြစ်ပွားခဲ့သည့် နေအိမ် အပေါ်မှ အိမ်အောက်ရှိ ရေထဲသို့ ပြုတ်ကျ သွားခဲ့ပြီးနောက် ကိုမောင်မောင်သန်း က သေဆုံးသူ သူငယ်ချင်း ၏ အလောင်းကို ၄င်း၏ နေအိမ်နှင့် ပေ ၂ဝ ခန့်အကွာ အင်းရေထဲသို့ လွှင့်ပစ် ထားခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်း၏ မှတ်တမ်းများ တွင် ဖော်ပြ ထားသည်။

အဆိုပါ လူသတ်၊ အလောင်းပစ် ထားမှုနှင့် ပတ်သက်၍ ကိုမောင်မောင်သန်း ကို ဟုမ္မလင်း မြို့မ ရဲစခန်းက ပြစ်မှုကြီး ဖြစ်စဉ်အမှတ် ၁၁/၂ဝ၁၄(ပ) ၁၁၃/၂ဝ၁၄ ပြစ်မှု ပုဒ်မ - ၃ဝ၂ အရ အမှုရေးဖွင့် ထားကြောင်း သိရှိရသည်။
(၁၅၄)

PyiChitThar

0 comments:

Post a Comment