Monday, August 04, 2014

Bi မွန်းတည့်နေ သတင်းသမားတွေကို ရုံးထုတ်

ဇူလိုင် ၆ ရက်နေ့ထုတ် Bi မွန်းတည့်နေ ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်တယ်ဆိုတဲ့ သတင်းကို ရေးသားခဲ့တဲ့ သတင်းထောက်တွေကို တနင်္လာနေ့မှာ ရုံးထုတ်ခဲ့ပါတယ်။

အဲဒီအထဲက အယ်ဒီတာ ကိုရဲမင်းအောင် ကိုတော့ ပြန်လွှတ်ပေးလိုက်ကာ၊ ကျန် သတင်းထောက်တွေကိုတော့ စွဲဆိုထားတဲ့ ပုဒ်မတွေ ပြောင်းလိုက်ပြီး အသရေဖျက်မှု၊ ပူးပေါင်း ကြံစည်မှုတို့နဲ့ စွဲဆိုလိုက်ပါတယ်။

အခုလို ပုဒ်မ ပြောင်းလိုက်တဲ့အတွက် အရင် ပုဒ်မထက် ပြစ်ဒဏ် သက်သာနိုင်ပါတယ်။
ပြီးခဲ့တဲ ဇူလိုင်လအတွင်း ယူနတီ ဂျာနယ် သတင်းသမားတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးပြီး အရေးယူတာ ရှိခဲ့သလို၊ သူတို့ကို အရေးယူတာ မကျေနပ်လို့ သမ္မတကို ကန့်ကွက်တဲ့ ရန်ကုန်က သတင်းသမားတွေကိုလည်း ကမာရွတ် ရဲစခန်းမှာ တရားစွဲဖို့ ပြင်နေတာတွေလည်း ရှိပါသေးတယ်။

နိုင်ငံတကာကလည်း အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာ အရင်လို မဟုတ်ဘဲ နောက်ကြောင်း ပြန်လှည့်မယ့် လက္ဓဏာတွေ တွေ့နေရတယ် လို့ ဝေဖန်နေချိန်မှာ၊ အခုလို ဖမ်းဆီးထားတဲ့ သတင်းသမားတွေအပေါ် အမှုပြောင်းလိုက်တာဟာ တိုးတက်မှုတစ်ခု ဆိုပြီး သုံးသပ်မှုတွေ ရှိနေပါတယ်။

BBC Burmese

0 comments:

Post a Comment