Wednesday, August 06, 2014

MH370 ရှာဖွေရေး တာဝန်ယူမည့် ကန်ထရိုက်တာ ကုမ္ပဏီကို အတည်ပြုကြေညာ

ကာလရှည်ကြာ ပျောက်ကွယ်နေသည့် MH370 လေယာဉ်ကို တာဝန်ယူ ရှာဖွေမည့် ကန်ထရိုက်တာအဖြစ် နယ်သာလန် ကုမ္ပဏီ တစ်ခုကို အတည်ပြု ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။ Fugro Survey ကုမ္ပဏီသည် မတ်လ(၈)ရက် ကတည်းက အကြောင်းရင်းမသိ ပျောက်ဆုံးသွားသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ကို ရှာဖွေမည့် လုပ်ငန်းစဉ်များကို ဩစတြေးလျ အစိုးရ ထံမှ လက်လွှဲယူမည် ဖြစ်သည်။ Fugro Survey သည် သင်္ဘောနှစ်စီးကို အသုံးပြုကာ အိန္ဒိယ သမုဒ္ဒရာ ထဲတွင် လေယာဉ်ပျက်ကို ဖြန့်ကျက် ရှာဖွေသွားမည် ဖြစ်သည်။ အဆိုပါ သင်္ဘောများတွင် အသံလှိုင်း အာရုံခံစနစ်များ၊...

ပြိုင်ကားက ဆိုင်ကယ်လေးစီးကိုဆင့်တိုက်

မန္တလေး သြဂုတ် ၅မန္တလေး-မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၅၅ လမ်းထောင့်အနီးရှိ ပတ္တမြား လက်ဖက်ရည်ဆိုင်ရှေ့ တွင် သြဂုတ် ၃ ရက် ည ၉ နာရီခန့်က ပြိုင်ကားတစ်စီးက ဆိုင်ကယ်လေးစီးကို ဆင့်တိုက်သည့် ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မန္တလေးချမ်းအေးသာစံမြို့နယ် ၈၆ လမ်းနှင့် လမ်း ၃ဝ ထောင့်အနီးနေ ဉာဏ်မောင် သန့်မောင်းနှင် လာသော အနက်ရောင် ပြိုင်ကား ၉ဂ/---- သည် လမ်းအနောက်မှ အရှေ့ သို့မောင်းနှင် လာစဉ် အရှိန် မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် ရပ်နားထားသော ဆိုင်ကယ်လေး စီးကို ဆက်တိုက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း...

အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများ လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စတင် ဆောင်ရွက်နေပြီ

ရန်ကုန်၊ သြဂုတ် ၅ အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများကို လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ဗဟိုကူးစက်ရောဂါဌာနမှ ဒေါက်တာကျော်ကံကောင်း က ”ဒါနဲ့ပတ်သက်ပြီး လေဆိပ်မှာ စမ်းလို့ရတဲ့ဟာက ဖျားလာသလား စမ်းသပ်တာပေါ့။ ဖျားတယ်ဆိုတာကို လည်း ကျွန်တော်တို့က ပြဒါးတိုင်နဲ့လိုက်တိုင်းနေတာ မဟုတ်ဘူး။Infrared (အင်ဖရာရက်ဒ်)နည်းနဲ့ စစ်ဆေးတဲ့ ကင်မရာတွေတပ်ဆင်ထားတယ်။ အဲဒီကင်မရာနဲ့လူတွေရဲ့ အပူချိန်ပေါ်မူတည်ပြီး လူမှာရှိရမယ့် ကိုယ်အပူချိန်ကို ကင်မရာက အရောင်တွေနဲ့...