Monday, August 04, 2014

ကမ္ဘာ့မြို့ကြီး ၇ မြို့မှာ စတင် ကြော်ငြာ လိုက်သည့် ဒုတိယမြောက် CR7 အတွင်းခံ


အင်္ဂလန်၊ သြဂုတ် ၄။ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒို ပိုင်ဆိုင်သည့် CR7 အ၀တ်အစား ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒုတိယမြောက် CR7 အတွင်းခံကို ကမ္ဘာ့ နာမည်ကြီး မြို့ကြီးများ ဖြစ်သည့် လန်ဒန်၊ ပဲရစ်၊ မီလန်၊ ဘာလင်၊ နယူးယော့ခ်၊ လစ္စဘွန်းနှင့် မက်ဒရစ် မြို့ကြီးများတွင် စီရော်နယ်ဒို၏ ကြီးမားသော ရုပ်ပုံကြီး များဖြင့် စတင် ကြေညာ လိုက်ပြီ ဖြစ်သည်။

စီရော်နယ်ဒိုသည် ထိုကြော်ငြာ ဓာတ်ပုံများကို နာမည်ကြီး ဓာတ်ပုံဆရာ ရန်ကင်နှင့် ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုက ၎င်းသည် ဖက်ရှင်နှင့် ပတ်သက်လာလျှင် ဒေါသထွက်လွယ် တတ်သူ ဖြစ်ကြောင်းနှင့် ဖက်ရှင် အ၀တ်အစား များတွင် အရည်အသွေးသည် အလွန် အရေးကြီးကြောင်း ပြောသည်။

စီရော်နယ်ဒိုက “ဒုတိယမြောက် CR7 အတွင်းခံကို ထုတ်လုပ် နိုင်ခဲ့တဲ့ အတွက် အလွန် ဂုဏ်ယူမိ ပါတယ်။ နံပါတ် ခုနှစ်ဟာ ကျွန်တော့် နှလုံးသားနဲ့ အနီးဆုံးမှာ အမြဲ ရှိနေ ခဲ့တာပါ။ ကမ္ဘာပေါ်က နာမည်ကြီး မြို့ကြီး ခုနှစ်မြို့မှာ CR7 ရဲ့ အတွင်းခံကို ထုတ်ဖော်ပြသ နိုင်ခဲ့လို့ စိတ်လှုပ်ရှားမိ သလို ဂုဏ်လည်း ယူမိပါတယ်။ ရန်ကင်နဲ့ အတူ တွဲဖက် အလုပ်လုပ် ရတာကလည်း အလွန်ကျေနပ်ဖို့ ကောင်းပါတယ်။ သူရိုက်ထားတဲ့ ပုံတွေကို ကြည့်ရတာ တကယ်ကို စိတ်လှုပ်ရှား စရာကောင်း ပါတယ်။ ဒါကအိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ” ဟု ပြောသည်။

နောက်ဆုံးတွင် စီရော်နယ်ဒိုက “ကျွန်တော့် အတွက်တော့ အတွင်းခံ ဘောင်းဘီက အလွန်အရေးကြီး ပါတယ်။ စတိုင်ကျဖို့ လိုအပ်သလို ဘော်ဒီနဲ့ ကွက်တိ ဖြစ်ပြီး သက်သောင့်သက်သာ ရှိဖို့လည်း လိုပါတယ်။ အရေးအကြီးဆုံး ကတော့ အရည်အသွေး ကောင်းဖို့ပါပဲ” ဟု ပြောသည်။

Ref: dailymail
Mizzima

0 comments:

Post a Comment