Sunday, August 10, 2014

ထူးကဲဒီရေတက်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသတချို့မှ ပြည်သူများ စိုးရိမ်မှုဖြင့် စောင့်ကြည့်လျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၀- မြန်မာနိုင်ငံ တွင် မိုးလေဝသနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားသည့် အတိုင်း ထူးကဲဒီရေ ခုနစ်ပေအထိ တက်ခြင်းမရှိသော်လည်း မြန်မာ နိုင်ငံအောက်ပိုင်းဒေသတချို့မှ ပြည် သူများက စိုးရိမ်မှုဖြင့် စောင့်ကြည့် လျက်ရှိနေကြကြောင်း အဆိုပါဒေသ ခံတချို့၏ပြောကြားချက်များအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တွင်နေထိုင် သူ ကိုကျော်ခိုင်စိုးက ''ရေ တစ်ပေလောက် ကျသွားပြီ။ အခြေ အနေလဲ ကောင်းနေပါပြီ။ ၁ဝရက် နေ့ ရေကြီးမယ်ပြောလို့လဲ အဆင် သင့်လုပ်ထားတယ်။ ဒါပေမဲ့ ဆိုးဆိုး ရွားရွားရေကြီးတာတော့ မဖြစ်သေး ပါဘူး။ လောလော ဆယ်တော့ အေး အေးဆေးဆေး ပါပဲ။ စိုးတော့ စိုးရိမ် နေကြ တုန်းပေါ့''ဟု ပြောသည်။
ဩဂုတ် ၁ဝရက် (super moon day) တွင် ထူးကဲဒီရေ ခုနစ်ပေထိ မြင့်တက်နိုင် သည်ဟု သက်ဆိုင်ရာ ဌာနများမှ သတိပေးချက်ထုတ်ပြန် ထားသော်လည်း လက်ရှိအချိန်တွင် စိုးရိမ်ဖွယ်ရာဒီရေတက်ခြင်း၊ ရေကြီး ခြင်း များဖြစ်ပေါ်မှုမ ရှိသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တွင်နေထိုင်သူ မနုနုက ''ရေကြီးမယ် လို့ သတိပေးထားတယ်။ ဒါပေမဲ့ ရေ မကြီးသေးဘူး။ ညနေပိုင်းမှာတော့ မခန့်မှန်းနိုင်ဘူး။ အခုရေမကြီးခဲ့ပေ မယ့် ညနေပိုင်း ရေတက်လာမှာကို စိုးရိမ်နေကြတယ်''ဟု ပြောသည်။
ဩဂုတ် ၁ဝရက် (super moon day ) နှင့်ပတ်သက်ပြီး ဆူနာမီ၊ မြေ ငလျင်နှင့် ရေဘေးများဖြစ်ပေါ်နိုင် သည်ဟု ပြည်သူလူထုကြားတွင် ထွက် ပေါ်နေ သည့် သတင်းများကြောင့် သဘာဝဘေးအန္တရာယ်များကို စိုးရိမ် ကြောင့်ကြ လျက်ရှိကြရာ အဆိုပါသ ဘာဝဘေးအန္တရာယ်များမှာ မဖြစ် ပေါ်နိုင်ကြောင်း၊ လှိုင်း၊ လေအန္တ ရာယ်ဖြစ်ပေါ်မှုလည်း ရာခိုင်နှုန်းအ များစု လျော့ နည်းနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာ ထွန်းလွင်က ယင်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြထားသည်။
''မနေ့ကလဲ ဘာမှမဖြစ်ဘူး။ ဒီ နေ့ရော၊ မနက်ဖြန်ရော ဘာမှဆိုးဆိုး ရွားရွာမဖြစ်နိုင်ပါဘူး။ အန္တရာယ်ဖြစ် နိုင်ခြေ တော်တော်လျော့နည်းနေ ပါပြီ''ဟု ဒေါက်တာထွန်းလွင်ကရေး သားထားသည်။
ရေကြီးခြင်းသဘာဝဘေးအန္တ ရာယ်ဖြစ်ပေါ်လျင်လည်း ကယ်ဆယ် ရေးများ အရေးပေါ်ဆောင်ရွက်နိုင် ရန် မြန်မာနိုင်ငံမီးသတ်ဦး စီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ၂၄နာရီအ ရေးပေါ်ဆောင် ရွက်နိုင်ရန် ဆောင် ရွက်ထားလျက်ရှိကြောင်း သိရသည်။
ထူးကဲဒီရေနှင့်ပတ်သက်ပြီး လှိုင် မြို့နယ်တွင်နေထိုင်သူတစ်ဦးက ''ရေ တက်မလာဘူး။ အပြောင်းအရွှေ့လဲ မလုပ်လိုက်ရဘူး''ဟု ပြောသည်။
ဩဂုတ် ၉ရက်တွင် ရေဘေး အန္တရာယ် ကို ဆိုးရွားစွာကြုံတွေ့နေ ရသော ပဲခူးတိုင်းဒေသကြီးမှာ ရေဘေး သင့်ပြည်သူများအား အမျိုးသားသ ဘာဝဘေး ကာကွယ်စောင့်ရှောက် ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မ တ ဦးဉာဏ်ထွန်း သွားရောက်တွေ့ ဆုံခဲ့ပြီး၊ ဩဂုတ် ၁ဝရက်တွင် လူမှုဝန် ထမ်းကယ် ဆယ်ရေးနှင့် ပြန် လည်နေ ရာချထားရေးဝန်ကြီးဌာနမှ လည်း ရေဘေးသင့် ဒုက္ခသည်များအား ကယ် ဆယ်ရေးပစ္စည်းများနှင့် အထွေထွေ ထောက်ပံ့ငွေကျပ် သိန်း ၁၈ဝကို လှူဒါန်းခဲ့ကြောင်း သိရသည်။
MMA
‪‎Democracytoday‬

0 comments:

Post a Comment