Wednesday, August 06, 2014

ပြိုင်ကားက ဆိုင်ကယ်လေးစီးကိုဆင့်တိုက်

မန္တလေး သြဂုတ် ၅
မန္တလေး-မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၅၅ လမ်းထောင့်အနီးရှိ ပတ္တမြား လက်ဖက်ရည်ဆိုင်ရှေ့ တွင် သြဂုတ် ၃ ရက် ည ၉ နာရီခန့်က ပြိုင်ကားတစ်စီးက ဆိုင်ကယ်လေးစီးကို ဆင့်တိုက်သည့် ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးချမ်းအေးသာစံမြို့နယ် ၈၆ လမ်းနှင့် လမ်း ၃ဝ ထောင့်အနီးနေ ဉာဏ်မောင် သန့်မောင်းနှင် လာသော အနက်ရောင် ပြိုင်ကား ၉ဂ/---- သည် လမ်းအနောက်မှ အရှေ့ သို့မောင်းနှင် လာစဉ် အရှိန် မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် ရပ်နားထားသော ဆိုင်ကယ်လေး စီးကို ဆက်တိုက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဝ၄ဝ)
Myanmaalinn

1 comments:

Post a Comment