Monday, August 04, 2014

ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့၍ (၈)ဦးဒဏ်ရာရ



 ရန်ကုန်၊ သြဂုတ် ၎

 ၄.၈.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန်တွင် မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်း အတိုင်းတောင်မှမြောက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်စိုး၊ (၄၅)နှစ်မောင်းနှင်လာသော O----- (၇၉)ယာဉ်လိုင်း သန်မြန်သူ ခရီးသည်တင် ဒိုင်နာယာဉ်သည် (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းဆုံမီးပွိုင့်အနီးအရောက် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တွင် တိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၈)ဦးမှာ ပွန်းပဲ့ဖူးရောင် နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်(၅)ဦး၊ ပြင်ပလူနာအဖြစ် (၃)ဦး ဆေးကုသမှု ခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်စိုးအား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၇၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment