Sunday, August 10, 2014

၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ အများအားဖြင့် မုတ်သုံလေ အများအားဖြင့် အားအသင့်အတင့်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတါင်း နောက်(၄၈)နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ဖွယ်ရာမရှိပါ။ ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်းငယ်ဟာ ဖိလစ်ပိုင် နိုင်ငံဆီသို့ ဦးတည်ရွေ့လျှား နေရာမှ လမ်းကြောင်း ပြောင်းကာ မြောက်ဖက်သို့ ရွေ့လျှားနေပြီဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေ။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းမှာ(၄-၅)ပေခန့်နဲ့ကမ်းလွနမှာ(၆-၇)ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းမှာ...

သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချထားမှု ဖြစ်ပွား

ဟုမ္မလင်း ၊ ၁၁-၈-၂၀၁၄  စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း တွင် သြဂုတ် ၇ ရက် နံနက် ၁ နာရီ က ယောက္ခမနှင့် စကားများသည့် သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချ ထားမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဟုမ္မလင်း မြို့နယ် နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း နေ ကိုမောင်မောင်သန်း သည် တစ်အိမ်တည်း အတူနေ သူငယ်ချင်း ဖြစ်သူ မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး နှင့်အတူ အရက် သောက်စား ခဲ့ကြသည်။ ထို့နောက် မောင်နေမင်းဇော် (ခ)...

ထူးကဲဒီရေတက်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသတချို့မှ ပြည်သူများ စိုးရိမ်မှုဖြင့် စောင့်ကြည့်လျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၀- မြန်မာနိုင်ငံ တွင် မိုးလေဝသနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားသည့် အတိုင်း ထူးကဲဒီရေ ခုနစ်ပေအထိ တက်ခြင်းမရှိသော်လည်း မြန်မာ နိုင်ငံအောက်ပိုင်းဒေသတချို့မှ ပြည် သူများက စိုးရိမ်မှုဖြင့် စောင့်ကြည့် လျက်ရှိနေကြကြောင်း အဆိုပါဒေသ ခံတချို့၏ပြောကြားချက်များအရ သိရသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တွင်နေထိုင် သူ ကိုကျော်ခိုင်စိုးက ''ရေ တစ်ပေလောက် ကျသွားပြီ။ အခြေ အနေလဲ ကောင်းနေပါပြီ။ ၁ဝရက် နေ့ ရေကြီးမယ်ပြောလို့လဲ အဆင် သင့်လုပ်ထားတယ်။ ဒါပေမဲ့ ဆိုးဆိုး ရွားရွားရေကြီးတာတော့ မဖြစ်သေး ပါဘူး။ လောလော ဆယ်တော့ အေး အေးဆေးဆေး ပါပဲ။ စိုးတော့ စိုးရိမ်...

ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူ၊ စိတ်ဝင်စားသူများဖြင့် သာကေတ ရှုခင်းသာတွင် စည်ကားနေ

သာကေတ၊ ရှုခင်းသာကလေးကစားကွင်းအဟောင်းအနီး ဆိပ်ကမ်းတွင် ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှုကို ဩဂုတ် ၁၀ရက်၌ ကြည့်ရှုနေသည့် ပြည်သူများ။ ဓာတ်ပုံ - ကျော်စွာဝင်း ၁၁ နှစ်ကြာ ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်း များကို သြဂုတ် ၁၀ ရက်တွင် စတင်ပြီဟု စီစဉ်သူတို့က ဆိုလိုက်ကြပြီး စိတ်ဝင်စားသူ အချို့ လာရောက် ကြည့်ရှုခြင်းဖြင့် သာကေတမြို့နယ် ယခင်ရှုခင်းသာ ကလေးကစားကွင်းတစ်ဝိုက် စည်ကား လျက်ရှိသည်။ “ဒီနေ့လုပ်ငန်းတွေကို စပါတယ်။ မြစ်သုံးဆိုင်နေရာမှာပါပဲ။ နေရာရွှေ့တယ် ရပ်တယ်ဆိုတာတွေက...

တည်ငြိမ်အေးချမ်းသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မန္တလေးခရိုင် အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းပေးခြင်း မရှိသေးသည့် အပေါ် မြို့ခံများဝေဖန်

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေးမြို့တွင်း တစ်နေရာတွင် လုံခြုံရေးဆောင် ရွက်နေသည်ကို သြဂုတ် ၉ ရက်ညပိုင်းက တွေ့ရစဉ် မန္တလေးမြို့တွင် ဇူလိုင်လဆန်းပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထုတ်ပြန် ထားခဲ့သည့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးသည့်အပေါ် မြို့ခံများက ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည်။ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မန္တလေးခရိုင်အတွင်း၌ ဇူလိုင် ၃ ရက်နှင့် ဇူလိုင် ၄ ရက်တို့မှ စတင် ကာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ...

စားဝတ်နေရေး အခက်အခဲကြောင့် အခြေခံလူတန်းစားများ ဆံပင်ဖြတ်ရောင်းမှု များပြားလာ

စားဝတ်နေရေး အခက်အခဲနှင့် အကြောင်းအမျိုးမျိုးသော ငွေကြေးအခက်အခဲများကြောင့် ဆံပင်အ၀ယ်ဆိုင်များတွင် ဆံပင်ဖြတ်ရောင်းသူများ အများအပြားရှိလာကြောင်း သိရသည်။ ဆံပင်ဖြတ်ရောင်းရခြင်း၏ အကြောင်းအရင်းများမှာ ကျန်းမာရေးနှင့် လူမှုရေး အကြောင်းအရင်းများကြောင့်ဖြစ်ပြီး များသောအားဖြင့် စားဝတ်နေရေး မပြေလည်ခြင်းကြောင့်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရှိ ဆံပင်အ၀ယ်ဒိုင်များထံမှ သိရသည်။ “တချို့ကျတော့ ကျန်းမာရေးကြောင့် ဆေးဖိုးမတတ်နိုင်လို့ လာဖြတ်ရောင်းတယ်။ တချို့ဆိုရင် ကားပေါ်မှာ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့ ပြန်စရာလမ်းစရိတ် မရှိတာနဲ့ ကြံရာမရတဲ့အဆုံး ဆံပင်ဖြတ်ရောင်းကြတယ်။...

အိန္ဒိယလျှပ်စစ် တမူးမြို့သို့ သုံးလအတွင်း ပို့လွှတ်ဖွယ်ရှိ

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးမြို့သို့ လျှပ်စစ်မီးပေးနိုင်ရေး အိန္ဒိယအစိုးရ သဘောတူညီပါက အောက်တိုဘာလအတွင်း ဖြစ်မြောက်လာဖွယ်ရှိသည်ဟု တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်းက မဇ္ဈိမကို ပြောသည်။ “အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကနေ တမူးမြို့ကို လျှပ်စစ်ဓာတ်အားလိုင်းသွယ်ဖို့ နှစ်ဖက်တော့ ဆွေးနွေး ထားပါတယ်။ မြန်မာဘက်က ကမ်းလှမ်းတာပါ။ သူတို့က ဗဟိုအစိုးရကို တင်ပြဦးမယ် ပြောပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းကိစ္စကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှ စီးပွားရေးနှင့် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံဘက်မှ လျှပ်စစ် ၀န်ကြီး ဦးခင်မောင်စိုးတို့ သြဂုတ်လ ၄ ရက်က တမူးမြို့တွင်...