Sunday, August 10, 2014

၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။

ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ အများအားဖြင့် မုတ်သုံလေ အများအားဖြင့် အားအသင့်အတင့်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတါင်း နောက်(၄၈)နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ဖွယ်ရာမရှိပါ။ ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်းငယ်ဟာ ဖိလစ်ပိုင် နိုင်ငံဆီသို့ ဦးတည်ရွေ့လျှား နေရာမှ လမ်းကြောင်း ပြောင်းကာ မြောက်ဖက်သို့ ရွေ့လျှားနေပြီဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းမှာ(၄-၅)ပေခန့်နဲ့ကမ်းလွနမှာ(၆-၇)ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းမှာ (၄-၅) ပေနဲ့ကမ်းလွန်မှာ (၆-၇)ပေ နဲက မွန်-တနင်္သာရီကမ်းရိုးတန်းမှာ (၃-၄)ပေ၊ ကမ်းလွန်မှာ (၄-၅)ပေ ခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ ။
နေ့အပူချိန်များဟာ စစ်ကိုင်းတိုင်းဒေသကြီးမှာ နေ့အပူချိန်ဟာ 38°C ၊ မန္တလေးတိုင်းဒေ သကြီး၊ နဲ့ မကွေးတိုင်းဒေသကြီး၊ မှာ နေ့အပူချိန်ဟာ 34°C – 35°C ၊ ကချင်ပြည်နယ်တွေမှာ နေ့အပူချိန်ဟာ 34°C – 38°C ၊ တနင်္သာရတိုင်း ဒေသကြီး မှလွဲ၍ ကျန်တိုင်း ဒေသကြီးများ အားလုံး၊ ကချင်ပြည်နယ်၊တို့မှာ 30°C - 32°C ရှိနှိုင်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး နဲ့ ကျန်ပြည်နယ်တွေ အားလုံးမှာ 27°C - 29°C ရှိနှိုင် ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။
ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက် ကျော်လွန်နေသော တန်ဘိုးများကို ပြည်နယ်နဲ့တိုင်းဒေသကြီး အချို့တွင် တွေ့နိုင်ပါတယ်။
မြို့ကြီးများအနေနဲ့ ကော့သောင်းမြို့(၁၃.၃) ၊ ထားဝယ် (၁၁.၉)၊ မော်လမြိုင်(၃.၀)၊ ရန်ကုန်(၅.၆)၊ နေပြည်တော်(၁၁.၈)၊ မကွေး(၁၃.၄)၊ မုံရွာ(၁၀.၃)၊ တောင်ကြီး(၁၁.၂)၊ မန္တလေး(၁၃.၁) နဲ့ မြစ်ကြီးနား (၉.၇) တို့တွင်လည်းကောင်း ရောက်ရှိနေနှိုင်ပါတယ်။
မိုးတိမ်တောင်အခြေအနေ။
ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နဲ့ ချင်းပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေရာကွက်ကျား နဲ့ ကျန်တပြည်လုံးတွင် နေရာကျဲကျဲ မှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀)ဖြစ် ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ရေကြီးမည့်အလားအလာအခြေအနေ။
ရေကြီးမယ့်အန္တရာယ်အလားအလာ မြင့်မားနေတဲ့ နေရာတွေကို ရခိုင်ပြည်နယ်အလယ်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးများမှာ ရှိကြတဲ့ ပုသိမ်၊ မအူပင်၊ ပဲခူး၊ ရန်ကုန်(မင်္ဂလာဒုံ)၊ မြိတ်၊ ကျောက်ဖြူ မြို့နယ်များအတွင်းရှိ မြေနိမ့်ပိုင်းများနဲ့ လယ်ကွင်းများတွင် ရေကြီးနိုင်မှု အလားအလာများ ဆက်လက် ဖြစ်ပေါ်နေနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
Yangon Media Group

သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချထားမှု ဖြစ်ပွား


ဟုမ္မလင်း ၊ ၁၁-၈-၂၀၁၄

 စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း တွင် သြဂုတ် ၇ ရက် နံနက် ၁ နာရီ က ယောက္ခမနှင့် စကားများသည့် သူငယ်ချင်းကို ဓားဖြင့် ခုတ်သတ်၍ အလောင်းကို အင်းထဲ၌ ပစ်ချ ထားမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟုမ္မလင်း မြို့နယ် နောင်ပကျစ် ရပ်ကွက် ကွက်သစ် အင်းစပ်ပိုင်း နေ ကိုမောင်မောင်သန်း သည် တစ်အိမ်တည်း အတူနေ သူငယ်ချင်း ဖြစ်သူ မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး နှင့်အတူ အရက် သောက်စား ခဲ့ကြသည်။

ထို့နောက် မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး သည် ကိုမောင်မောင်သန်း ၏ ယောက္ခမ ဖြစ်သူ ဦးစန်းရီ နှင့် စကားပြောဆို ရာတွင် မချေမငံ ပြောဆို ဆက်ဆံ ခဲ့သည်ဟု ဆိုကာ ကိုမောင်မောင်သန်း က ဓားဖြင့် ခုတ်ခဲ့သဖြင့် မောင်နေမင်းဇော် (ခ) မောင်ဇော်မိုး ၏ ဝဲဘက် တံတောင်ဆစ် နေရာတွင် ပြတ်ရှ ဒဏ်ရာ၊ ဝဲဘက် လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းတို့ ပြတ်တောက် ဒဏ်ရာ၊ ယာကျောပြင် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ဒူး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ဝဲဘက်ခြမ်း နေရာ ပြတ်ရှ ဒဏ်ရာ၊ ဦးခေါင်း ယာဘက် ဦးရေပြား ပြတ်ရှ ဒဏ်ရာ နှင့် ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာများ ရရှိကာ သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း မှုခင်း ဆေးစာဌာန ၏ မှတ်တမ်းများ၌ ဖော်ပြ ထားသည်။

သေဆုံးသူသည် ခိုက်ရန် ဖြစ်ပွားခဲ့သည့် နေအိမ် အပေါ်မှ အိမ်အောက်ရှိ ရေထဲသို့ ပြုတ်ကျ သွားခဲ့ပြီးနောက် ကိုမောင်မောင်သန်း က သေဆုံးသူ သူငယ်ချင်း ၏ အလောင်းကို ၄င်း၏ နေအိမ်နှင့် ပေ ၂ဝ ခန့်အကွာ အင်းရေထဲသို့ လွှင့်ပစ် ထားခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်း၏ မှတ်တမ်းများ တွင် ဖော်ပြ ထားသည်။

အဆိုပါ လူသတ်၊ အလောင်းပစ် ထားမှုနှင့် ပတ်သက်၍ ကိုမောင်မောင်သန်း ကို ဟုမ္မလင်း မြို့မ ရဲစခန်းက ပြစ်မှုကြီး ဖြစ်စဉ်အမှတ် ၁၁/၂ဝ၁၄(ပ) ၁၁၃/၂ဝ၁၄ ပြစ်မှု ပုဒ်မ - ၃ဝ၂ အရ အမှုရေးဖွင့် ထားကြောင်း သိရှိရသည်။
(၁၅၄)

PyiChitThar

ထူးကဲဒီရေတက်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသတချို့မှ ပြည်သူများ စိုးရိမ်မှုဖြင့် စောင့်ကြည့်လျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၀- မြန်မာနိုင်ငံ တွင် မိုးလေဝသနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားသည့် အတိုင်း ထူးကဲဒီရေ ခုနစ်ပေအထိ တက်ခြင်းမရှိသော်လည်း မြန်မာ နိုင်ငံအောက်ပိုင်းဒေသတချို့မှ ပြည် သူများက စိုးရိမ်မှုဖြင့် စောင့်ကြည့် လျက်ရှိနေကြကြောင်း အဆိုပါဒေသ ခံတချို့၏ပြောကြားချက်များအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တွင်နေထိုင် သူ ကိုကျော်ခိုင်စိုးက ''ရေ တစ်ပေလောက် ကျသွားပြီ။ အခြေ အနေလဲ ကောင်းနေပါပြီ။ ၁ဝရက် နေ့ ရေကြီးမယ်ပြောလို့လဲ အဆင် သင့်လုပ်ထားတယ်။ ဒါပေမဲ့ ဆိုးဆိုး ရွားရွားရေကြီးတာတော့ မဖြစ်သေး ပါဘူး။ လောလော ဆယ်တော့ အေး အေးဆေးဆေး ပါပဲ။ စိုးတော့ စိုးရိမ် နေကြ တုန်းပေါ့''ဟု ပြောသည်။
ဩဂုတ် ၁ဝရက် (super moon day) တွင် ထူးကဲဒီရေ ခုနစ်ပေထိ မြင့်တက်နိုင် သည်ဟု သက်ဆိုင်ရာ ဌာနများမှ သတိပေးချက်ထုတ်ပြန် ထားသော်လည်း လက်ရှိအချိန်တွင် စိုးရိမ်ဖွယ်ရာဒီရေတက်ခြင်း၊ ရေကြီး ခြင်း များဖြစ်ပေါ်မှုမ ရှိသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တွင်နေထိုင်သူ မနုနုက ''ရေကြီးမယ် လို့ သတိပေးထားတယ်။ ဒါပေမဲ့ ရေ မကြီးသေးဘူး။ ညနေပိုင်းမှာတော့ မခန့်မှန်းနိုင်ဘူး။ အခုရေမကြီးခဲ့ပေ မယ့် ညနေပိုင်း ရေတက်လာမှာကို စိုးရိမ်နေကြတယ်''ဟု ပြောသည်။
ဩဂုတ် ၁ဝရက် (super moon day ) နှင့်ပတ်သက်ပြီး ဆူနာမီ၊ မြေ ငလျင်နှင့် ရေဘေးများဖြစ်ပေါ်နိုင် သည်ဟု ပြည်သူလူထုကြားတွင် ထွက် ပေါ်နေ သည့် သတင်းများကြောင့် သဘာဝဘေးအန္တရာယ်များကို စိုးရိမ် ကြောင့်ကြ လျက်ရှိကြရာ အဆိုပါသ ဘာဝဘေးအန္တရာယ်များမှာ မဖြစ် ပေါ်နိုင်ကြောင်း၊ လှိုင်း၊ လေအန္တ ရာယ်ဖြစ်ပေါ်မှုလည်း ရာခိုင်နှုန်းအ များစု လျော့ နည်းနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာ ထွန်းလွင်က ယင်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြထားသည်။
''မနေ့ကလဲ ဘာမှမဖြစ်ဘူး။ ဒီ နေ့ရော၊ မနက်ဖြန်ရော ဘာမှဆိုးဆိုး ရွားရွာမဖြစ်နိုင်ပါဘူး။ အန္တရာယ်ဖြစ် နိုင်ခြေ တော်တော်လျော့နည်းနေ ပါပြီ''ဟု ဒေါက်တာထွန်းလွင်ကရေး သားထားသည်။
ရေကြီးခြင်းသဘာဝဘေးအန္တ ရာယ်ဖြစ်ပေါ်လျင်လည်း ကယ်ဆယ် ရေးများ အရေးပေါ်ဆောင်ရွက်နိုင် ရန် မြန်မာနိုင်ငံမီးသတ်ဦး စီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ၂၄နာရီအ ရေးပေါ်ဆောင် ရွက်နိုင်ရန် ဆောင် ရွက်ထားလျက်ရှိကြောင်း သိရသည်။
ထူးကဲဒီရေနှင့်ပတ်သက်ပြီး လှိုင် မြို့နယ်တွင်နေထိုင်သူတစ်ဦးက ''ရေ တက်မလာဘူး။ အပြောင်းအရွှေ့လဲ မလုပ်လိုက်ရဘူး''ဟု ပြောသည်။
ဩဂုတ် ၉ရက်တွင် ရေဘေး အန္တရာယ် ကို ဆိုးရွားစွာကြုံတွေ့နေ ရသော ပဲခူးတိုင်းဒေသကြီးမှာ ရေဘေး သင့်ပြည်သူများအား အမျိုးသားသ ဘာဝဘေး ကာကွယ်စောင့်ရှောက် ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မ တ ဦးဉာဏ်ထွန်း သွားရောက်တွေ့ ဆုံခဲ့ပြီး၊ ဩဂုတ် ၁ဝရက်တွင် လူမှုဝန် ထမ်းကယ် ဆယ်ရေးနှင့် ပြန် လည်နေ ရာချထားရေးဝန်ကြီးဌာနမှ လည်း ရေဘေးသင့် ဒုက္ခသည်များအား ကယ် ဆယ်ရေးပစ္စည်းများနှင့် အထွေထွေ ထောက်ပံ့ငွေကျပ် သိန်း ၁၈ဝကို လှူဒါန်းခဲ့ကြောင်း သိရသည်။
MMA
‪‎Democracytoday‬

ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူ၊ စိတ်ဝင်စားသူများဖြင့် သာကေတ ရှုခင်းသာတွင် စည်ကားနေ

သာကေတ၊ ရှုခင်းသာကလေးကစားကွင်းအဟောင်းအနီး ဆိပ်ကမ်းတွင် ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှုကို ဩဂုတ် ၁၀ရက်၌ ကြည့်ရှုနေသည့် ပြည်သူများ။ ဓာတ်ပုံ - ကျော်စွာဝင်း

၁၁ နှစ်ကြာ ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်း များကို သြဂုတ် ၁၀ ရက်တွင် စတင်ပြီဟု စီစဉ်သူတို့က ဆိုလိုက်ကြပြီး စိတ်ဝင်စားသူ အချို့ လာရောက် ကြည့်ရှုခြင်းဖြင့် သာကေတမြို့နယ် ယခင်ရှုခင်းသာ ကလေးကစားကွင်းတစ်ဝိုက် စည်ကား လျက်ရှိသည်။

“ဒီနေ့လုပ်ငန်းတွေကို စပါတယ်။ မြစ်သုံးဆိုင်နေရာမှာပါပဲ။ နေရာရွှေ့တယ် ရပ်တယ်ဆိုတာတွေက မဟုတ် ပါ ဘူး။ လုပ်ငန်းနေရာကိုတော့ ဘယ်သူမှ လာလို့မရဘူး ”ဟု တူးဖော်ရေးရန်ပုံငွေ ထည့်ဝင်ထားသူ ဦးဝင်းမြင့် က ဆိုသည်။

ယင်းခေါင်းလောင်းကို တာဝန်ယူဆယ်ယူသူ ဦးစံလင်းကမူ “ဒီအကြောင်းတွေကို အခုမပြောနိုင်သေး ပါဘူး”ဟု ဆိုသည်။

ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာ ရှုခင်းသာ ဘိုးလင်းကွင်း နောက်တည့်တည့်ရှိ ရေပြင် တွင် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းနေရာအနီးတစ်ဝိုက်ကို စက်လှေ များဖြင့် သွားရောက် ကြည့်ရှုသူများပင်ရှိသည်ကို မဇ္ဈိမက မျက်မြင်တွေ့ရှိသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေခြင်းကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီမှ စတင်ပြုလုပ်သည်။

“ဆယ်မယ်လို့ ပြောလို့ လာကြည့်တာပါ။ ဒါက လူတိုင်းစိတ်ဝင်စားတဲ့အရာဖြစ်တယ်လေ”ဟု ဒေါပုံမြို့ နယ်နေ ကိုသိန်းလွင်က ဆိုသည်။

ခေါင်းလောင်းကြီးဆယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်တွင် ခွင့်ပြု မိန့်ပေး ခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့မှ ရေငုပ်သမား ဆယ်ယောက်နှင့်အတူ သောင်တူးစက်တို့ကို အသုံးပြု၍ ဆယ်ယူသွားမည်ဟု ဦးဝင်းမြင့်က ပြောသည်။

ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၁ မှ ၁၄၉၂ ခုနှစ်တွင် ဓမ္မစေတီမင်းမှ သွန်းလုပ်ခဲ့ကာ ခရစ်နှစ် ၁၄၇၆ ခုနှစ် အောက်တိုဘာတွင် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းခဲ့သည်။ ခေါင်းလောင်းကြီးသည် ကြေးတန်ချိန် ပေါင်း ၁၈၀,၀၀၀ ပိဿာ အလေးချိန်ရှိကာ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများအနက်မှ တစ်လုံး ဖြစ်သည်။

၁၆၁၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာက ဖောင်သင်္ဘောဖြင့် သန်လျင်သို့ သယ်ဆောင်စဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ အစိုးရက လေးကြိမ် သယ်ယူခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။

Mizzima - News in Burmese

တည်ငြိမ်အေးချမ်းသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မန္တလေးခရိုင် အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းပေးခြင်း မရှိသေးသည့် အပေါ် မြို့ခံများဝေဖန်

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေးမြို့တွင်း တစ်နေရာတွင် လုံခြုံရေးဆောင် ရွက်နေသည်ကို သြဂုတ် ၉ ရက်ညပိုင်းက တွေ့ရစဉ်

မန္တလေးမြို့တွင် ဇူလိုင်လဆန်းပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထုတ်ပြန် ထားခဲ့သည့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးသည့်အပေါ် မြို့ခံများက ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည်။

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မန္တလေးခရိုင်အတွင်း၌ ဇူလိုင် ၃ ရက်နှင့် ဇူလိုင် ၄ ရက်တို့မှ စတင် ကာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်အမိန့် တစ်ခုဖြစ်သည့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေ ညာ ထားခဲ့ရသည်။ ယင်းကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်တွင် ညမထွက်ရ အမိန့် အား ည ၉ နာရီမှ နံနက် ၅ နာရီ ထုတ်ပြန်ထားမှုကို ည ၉ နာရီမှ နံနက် ၃ နာရီသို့ လျှော့ချပေးခဲ့ပြီး ဇူလိုင် ၂၈ ရက် တွင် ည ၁၀ နာရီမှ နံနက် ၃ နာရီသို့ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့သည်။

လက်ရှိ မန္တလေးမြို့၏ အခြေအနေများမှာ ပြန်လည်တည်ငြိမ် အေးချမ်းနေပြီဖြစ်ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားခြင်းကို မြို့ခံများမှ ရုပ်သိမ်းပေးရန် မျှော်လင့်နေကြကာ စီးပွားရေး အကျပ်အတည်းများနှင့် အခြားအခက်အ ခဲများ ပိုမိုကြုံတွေ့လာရခြင်းကြောင့် ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အချိန်ထပ်မံ လျှော့ချပေးဖို့နဲ့ လျှော့ချပြီးတဲ့အချိန်မှာ အခြေအနေတွေကို စောင့်ကြည့်လေ့လာ သုံးသပ်ပြီးတော့ ရုပ်သိမ်းသင့်တဲ့အချိန်မှာ ရုပ်သိမ်းပေးသွားဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မေတ္တာရပ်ခံစာ ပေးပို့သွားဖို့ စီစဉ်နေပါတယ်” ဟု မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“ညမထွက်ရ အမိန့်အချိန်ကို လျှော့ချပေးတာမျိုး မဟုတ်ဘဲ လုံးဝကို ရုပ်သိမ်းပေးသင့်နေပါပြီ။ ခရီးသွား လုပ်ငန်းတွေအတွက် ထိခိုက်မှုက တော်တော်ကိုဆိုးပါတယ်။ Tourism police က ကူညီပေးတယ် ဆိုပေမယ့် ရထားချိန်နောက်ကျပြီးမှ ၀င်လာတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို ရဲကကြိုပြီးတော့ ဟိုတယ်လိုက် ပို့ရတယ် ဆိုကတည်းက မကောင်းတော့ဘူး။

အဲဒါမျိုးကလည်း လုံးဝမဖြစ်သင့်ဘူး။ မီးရထားချိန်တွေ ဆိုတာကလည်း သိတဲ့အတိုင်းပဲ အချိန်လည်း မမှန်ဘူး။ ရထားဝင်ချိန် ဆိုတာကလည်း နောက်ကျတတ်ပါတယ်” ဟု ခရီးသွားဧည့်လမ်းညွှန် ကိုစိုးမိုးက ပြောကြား သည်။

“မန္တလေးမှာ ညမထွက်ရအမိန့် ထုတ်ထားရတဲ့အချိန်မှာ အရေးပေါ် နေ့ချင်းပြန်ခရီးသွားဖို့ ဖြစ်လာ တာကြောင့် ခရီးထွက်ခဲ့ပါတယ်။ ပြန်လာတဲ့အခါမှာ ည ၁၀ နာရီ ကျော်သွားတာကြောင့် မြို့ထဲကို ၀င်လို့မ ရတော့ဘူး။ လမ်းမှာပဲ တစ်ညအိပ်လိုက်ရတယ်။ အဲဒီလို အရေးပေါ်ခရီးထွက်ဖို့ ပေါ်လာတဲ့အခါတွေမှာ သွားရလာရ တာက အရင်လိုမဟုတ်တော့ စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်လို့ မရတော့ဘူး။ အားလုံး အဆင်ပြေ သွား ဖို့အတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို အချိန်ထပ်လျှော့ပေးဖို့ လိုပါတယ်။ ဒါမှမဟုတ် မန္တလေးမြို့ အခြေအနေတွေက တည်ငြိမ်သွားပြီဆိုတော့ ပုဒ်မ ၁၄၄ ကို ပြန်လည် ရုပ်သိမ်းပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ်အတွင်း အရေးပေါ်ခ ရီး ထွက်ခဲ့ရသည့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း၌ နေထိုင်သူတစ်ဦးက ဆိုသည်။

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင် ညမထွက်ရ အမိန့်တစ်ခုဖြစ်သည့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားဆဲကြောင့် မြို့ခံလူထုအပေါ်တွင် အခက်အခဲများ ဖြစ်ပေါ်နေရဆဲဖြစ်ကာ ကုန်တင်ကားဂိတ်များ၊ ခရီးသွား ကားဂိတ်များ၊ ညပိုင်းဈေးရောင်းချနေသူများ၊ လူမှုရေးကိစ္စရပ်များနှင့် အခြားသော အခက်အ ခဲများလည်း ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ညမထွက်ရအမိန့် ဖောက်ဖျက်သူကျူးလွန်သူများအား ဥပဒေအရ ဖမ်းဆီးနေခြင်းကြောင့် ဖမ်းဆီးအရေးယူထားခံရသူများ၊ ထောင်ဒဏ်ကျခံနေရသူများနှင့် ယင်းတို့၏ မိသားစုဝင်များပါ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရဆဲ ဖြစ်သည်။

“နယ်တွေကနေ ကုန်တင်လာခဲ့တဲ့ ကုန်ကားတွေက ညပိုင်းတွေမှာ ၀င်တာအများဆုံးပါ။ မြို့ထဲကို အခုချိန်မှာ က ည ၁၀ နာရီမထိုးခင် ရောက်ဖို့လိုတာပေါ့။ မရောက်လာဘူးဆိုရင် မန္တလေးမ၀င်ခင် လမ်းမှာပဲ နားနေရတယ်။ အဲဒါကိုမသိဘဲ ၀င်သွားမယ်ဆိုရင် အဖမ်းခံရမယ်။ အခု မန္တလေးမှာ ညမထွက်ရ အမိန့်က ရှိနေသေးတယ်ဆိုတော့ ကုန်တင်ကားတွေအတွက် အခက်အခဲတွေ ရှိနေတယ်” ဟု ကုန်ကားမောင်း သည့် ကိုစိုးသူက ပြောကြားသည်။

မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အခြေအနေအတွင်း ယင်းညမထွက်ရအမိန့်ကို ဖောက်ဖျက် ကျူး လွန်သူ ၁၄၀၀ ခန့်ကို အရေးယူထားခဲ့ပြီး ထောင်ဒဏ် ၇ ရက်သာ ချမှတ်လေ့ရှိသော်လည်း ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရသူများ ရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားချက်များအရ သိရှိရသည်။

ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်ခဲ့စဉ်ကာလကပင် ဟိုတယ်၊ ကုမ္ပဏီ၊ ဘဏ်စသည့် ညစောင့်ဝန်ထမ်းများ ညအချိန် လုံခြုံရေး တာဝန်ယူနေစဉ် အဖမ်းခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ရာ ယင်းဖြစ်စဉ်များအပေါ် ဟိုတယ် အထွေထွေ မန်နေဂျာတစ်ဦးကလည်း “သက်ဆိုင်ရာက တာဝန်ရှိသူတွေ ညွှန်ကြားချက်တွေကို ဆောင်ရွက် ရမယ့်သူတွေအနေနဲ့ အချိန်မီ အကြောင်းကြား ဆောင်ရွက်မှုတွေ အားနည်းပါတယ်” ဟု ဝေဖန်ပြော ဆိုသည်။

“ညမထွက်ရအမိန့် ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူတဲ့နေရာမှာ သတ်မှတ်ထားတဲ့အချိန်ထက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နောက်ကျတဲ့သူတွေကို တရားစွဲတင်ခဲ့တဲ့နေရာမှာ တရားရုံးက သွားလာနေရင်းနဲ့ အမှန်တ ကယ် နောက်ကျခဲ့တဲ့ အကြောင်းရင်း ခိုင်လုံတယ်လို့ ယူဆရတဲ့အတွက် ငွေဒဏ်ပဲ ချမှတ်ခဲ့တာကို တွေ့ရပါ တယ်။ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်တဲ့အပြင် တုတ်၊ ဓား လက်နက်တွေ တွေ့ရှိခဲ့တဲ့ သူတွေကိုတော့ ထောင်ဒဏ်သုံးလအထိ ချမှတ်ခဲ့တာကို သိရတယ်” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက ရှင်းပြသည်။

Eleven Media Group

စားဝတ်နေရေး အခက်အခဲကြောင့် အခြေခံလူတန်းစားများ ဆံပင်ဖြတ်ရောင်းမှု များပြားလာ

စားဝတ်နေရေး အခက်အခဲနှင့် အကြောင်းအမျိုးမျိုးသော ငွေကြေးအခက်အခဲများကြောင့် ဆံပင်အ၀ယ်ဆိုင်များတွင် ဆံပင်ဖြတ်ရောင်းသူများ အများအပြားရှိလာကြောင်း သိရသည်။
ဆံပင်ဖြတ်ရောင်းရခြင်း၏ အကြောင်းအရင်းများမှာ ကျန်းမာရေးနှင့် လူမှုရေး အကြောင်းအရင်းများကြောင့်ဖြစ်ပြီး များသောအားဖြင့် စားဝတ်နေရေး မပြေလည်ခြင်းကြောင့်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရှိ ဆံပင်အ၀ယ်ဒိုင်များထံမှ သိရသည်။
“တချို့ကျတော့ ကျန်းမာရေးကြောင့် ဆေးဖိုးမတတ်နိုင်လို့ လာဖြတ်ရောင်းတယ်။ တချို့ဆိုရင် ကားပေါ်မှာ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့ ပြန်စရာလမ်းစရိတ် မရှိတာနဲ့ ကြံရာမရတဲ့အဆုံး ဆံပင်ဖြတ်ရောင်းကြတယ်။ အလှူအတန်းလုပ်ဖို့ ပိုက်ဆံမရှိရင်လည်း လာရောင်းကြတာပဲ။ များသောအားဖြင့်က အောက်ခြေလူတန်းစားလောက်ပဲ ဆံပင်ဖြတ်ရောင်းကြပါတယ်” ဟု လှိုင်သာယာမြို့နယ် ဗထူးလမ်းပေါ်ရှိ ဆံပင်အ၀ယ်ဒိုင်တစ်ခုမှ သိရသည်။
“အဘွားက အကြော်ရောင်းတော့ အကြော်ဖိုး အရင်းမရှိရင် ဆံပင်သွားဖြတ်ရောင်းတယ်။ လေးကြိမ်လောက်တော့ရှိပြီ။ ပထမအကြိမ်တုန်းက ကျပ် ၄၀၀၀၀ လောက်ရတယ်။ နောက်ဆုံးအကြိမ်ကျတော့ ဆံပင်က ပါးလာတော့ တစ်သောင်းပဲရတော့တယ်။ ဆံပင်ရောင်းချင်တဲ့ ကောင်မလေးအချို့ကို ဆံပင်အ၀ယ်ဒိုင်တွေဆီ လိုက်ပို့ပေးရင်တာ့ အ၀ယ်ဒိုင်တွေက အဘွားကို မုန့်ဖိုးပေးပါတယ်” ဟု လှိုင်သာယာ ဗထူးလမ်းမပေါ်ရှိ အကြော်ဆိုင်မှ အဘွားဒေါ်မြကြည်က ဆိုသည်။
အ၀ယ်ဒိုင်များ ဆံပင်ဝယ်ယူမှုများခြင်း မများခြင်းမှာ တရုတ်အ၀ယ်ဒိုင်များနှင့် သက်ဆိုင်ပြီး တရုတ်အ၀ယ်ဒိုင်များ ဆံပင်ဝယ်ယူမှု ကျဆင်းပါက ဆံပင်ဈေးနှုန်းကျဆင်းပြီး အရောင်းအ၀ယ်နှေးသွားကြောင်း သိရသည်။
တရုတ်အ၀ယ်ဒိုင်ကြီးများ အနေဖြင့် ရန်ကုန်မြို့ရှိ ဆံပင်အ၀ယ်ဒိုင်များမှတစ်ဆင့်မှ ၀ယ်ယူ၍ မူဆယ်မြို့ တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
“အစ်ကိုတို့က သာကေတမှာ အ၀ယ်ဒိုင်ဖွင့်ထားတယ်။ သာကေတကတစ်ဆင့် မန္တလေး၊ ပြီးတော့ မူဆယ်လမ်းကြောင်းကနေ တရုတ်ပြည်ကို ပို့တယ်။ ဟော်လန်၊ အမေရိကန်တို့ကိုလည်း ပို့ပေမယ့် တရုတ်ကတော့ အများဆုံးဝယ်တာ များပါတယ်။ သာကေတမှာ အ၀ယ်ဆိုင် သီးသန့်ဆိုပြီး ဖွင့်ထားတာ မရှိပါဘူး။ အိမ်မှာပဲ လုပ်တာပါ။ ဘယ်သူမဆို လာရောင်းရင် ၀ယ်ပါတယ်” ဟု သာကေတမြို့နယ်မှ ဆံပင်အ၀ယ်ဒိုင် ကိုဇော်ထွန်းက ဆိုသည်။
ရပ်ကွက်အတွင်းရှိ ဆံပင်အ၀ယ်ဒိုင်များတွင် ဆံပင်တစ်ပိဿာ တစ်သိန်းခွဲဝန်းကျင်ရှိပြီး ၁၃ လက်မအရှည် ဆံပင်တစ်ကျပ်သား ၁၃၀၀ မှ ၁၅၀၀ အထိ ဈေးရှိပြီး ဆံပင်အ၀ယ်ဒိုင်ကြီးများတွင်မူ ကျပ် ၄၀၀၀၀ မှ သုံးသိန်းဝန်းကျင်အထိရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဆံပင်အ၀ယ်ဒိုင်များကို အင်းစိန်၊ လှိုင်သာယာ၊ သာကေတနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် အများဆုံးတွေ့ရပြီး တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံများသို့ ဆံပင်များ အများဆုံးတင်ပို့ကြောင်းလည်း သိရသည်။
Eleven Media Group

အိန္ဒိယလျှပ်စစ် တမူးမြို့သို့ သုံးလအတွင်း ပို့လွှတ်ဖွယ်ရှိ

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးမြို့သို့ လျှပ်စစ်မီးပေးနိုင်ရေး အိန္ဒိယအစိုးရ သဘောတူညီပါက အောက်တိုဘာလအတွင်း ဖြစ်မြောက်လာဖွယ်ရှိသည်ဟု တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်းက မဇ္ဈိမကို ပြောသည်။

“အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကနေ တမူးမြို့ကို လျှပ်စစ်ဓာတ်အားလိုင်းသွယ်ဖို့ နှစ်ဖက်တော့ ဆွေးနွေး ထားပါတယ်။ မြန်မာဘက်က ကမ်းလှမ်းတာပါ။ သူတို့က ဗဟိုအစိုးရကို တင်ပြဦးမယ် ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှ စီးပွားရေးနှင့် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံဘက်မှ လျှပ်စစ် ၀န်ကြီး ဦးခင်မောင်စိုးတို့ သြဂုတ်လ ၄ ရက်က တမူးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်ဟု ဦးကျော်ဇော်လင်းက ပြောသည်။

လက်ရှိတွင် တမူးမြို့သားများသည် မီးစက်များဖြင့် ဓာတ်အားဖြန့်ဝေသည့် ပုဂ္ဂလိကလုပ်ငန်းများကိုသာ အားထားနေရသည်ဟု ဒေသခံအချို့က ပြောသည်။

“တမူးမှာ လျှပ်စစ်မီးကို အစိုးရခွဲတမ်းနည်းတော့ ပုဂ္ဂလိကမီးစက်ကနေ တစ်ယူနစ် ၄၀၀ ကျပ်နဲ့ သုံးနေရတယ်။ တစ်ရက်ကို သုံးနာရီ၊ သုံးနာရီခွဲလောက်တော့ပေးတယ်”ဟု တစ်မူးမြို့ခံ ကိုဇော်ဝေက ပြောသည်။

အိန္ဒိယနိုင်ငံမှတစ်ဆင့် တမူးမြို့သို့ ဓာတ်အားဖြန့်ဖြူးနိုင်ပါက တစ်ယူနစ်လျှင် အိန္ဒိယငွေ၃-ရူပီး သို့မဟုတ် ၄-ရူပီး ဖြစ်နိုင်ပြီး တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ ဆယ့်ငါးကျပ်ဝန်းကျင် ကျသင့်နိုင်သည်ဟု တာဝန်ရှိသူ တို့က ခန့်မှန်းထားကြသည်။

Mizzima

Thursday, August 07, 2014

Wednesday, August 06, 2014

MH370 ရှာဖွေရေး တာဝန်ယူမည့် ကန်ထရိုက်တာ ကုမ္ပဏီကို အတည်ပြုကြေညာ



ကာလရှည်ကြာ ပျောက်ကွယ်နေသည့် MH370 လေယာဉ်ကို တာဝန်ယူ ရှာဖွေမည့် ကန်ထရိုက်တာအဖြစ် နယ်သာလန် ကုမ္ပဏီ တစ်ခုကို အတည်ပြု ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။

Fugro Survey ကုမ္ပဏီသည် မတ်လ(၈)ရက် ကတည်းက အကြောင်းရင်းမသိ ပျောက်ဆုံးသွားသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ကို ရှာဖွေမည့် လုပ်ငန်းစဉ်များကို ဩစတြေးလျ အစိုးရ ထံမှ လက်လွှဲယူမည် ဖြစ်သည်။ Fugro Survey သည် သင်္ဘောနှစ်စီးကို အသုံးပြုကာ အိန္ဒိယ သမုဒ္ဒရာ ထဲတွင် လေယာဉ်ပျက်ကို ဖြန့်ကျက် ရှာဖွေသွားမည် ဖြစ်သည်။

အဆိုပါ သင်္ဘောများတွင် အသံလှိုင်း အာရုံခံစနစ်များ၊ ပဲ့တင်သံ ထုတ်လွှင့် စနစ်များ၊ ရေအောက် ကင်မရာ များ တပ်ဆင်ထားပြီး လေယာဉ်ပျက်၏ အစိတ်အပိုင်းဟု ယူဆရသော အရာများကို ဖြန့်ကျက် ရှာဖွေသွား မည်ဟု သိရှိရသည်။ Fugro Surveyသည် စက်တင်ဘာလတွင် ပထမဆုံး ရှာဖွေရေး လုပ်ငန်းစဉ်ကို စတင် မည်ဖြစ်ပြီး ဧရိယာအားဖြင့် စတုရန်း ကီလိုမီတာ ခြောက်သောင်း ကျယ်ပြန့်သော ရေပြင်ကို ဇုန်သတ်မှတ် ရှာဖွေရေးဇုန် အဖြစ် သတ်မှတ်မည်ဟု ဆိုသည်။

MH370 သည် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းနေရာမှ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ဂြိုဟ်တု ပုံရိပ်များအရ လူပေါင်း(၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်ပျံသည် နောက်ကြောင်းပြန်လှည့်ကာ မလေး ရှားနိုင်ငံ ဝေဟင်ပိုင်နက်ကို ကျော်ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းရင်း ပျက်ကျသွားသည် ဟု ယူဆရသည်။ လေယာဉ်၏ Black Box များကို ရှာဖွေနိုင်ခြင်း မရှိခဲ့သလို လေယာဉ်ပေါ်တွင် မည်သို့ မည်ပုံ ဖြစ်ပျက်ခဲ့သည် ဆိုခြင်းကို ယခုအချိန်ထိ မည်သူမျှ တိတိကျကျ မသိရှိခဲ့ချေ။

Fugro Survey ၏ သင်္ဘောနှစ်စင်းအနက် Fugro Discovery သည် ဗြိတိန်နိုင်ငံမှတစ်ဆင့် ဩစတြေး လျနိုင်ငံ၊ ပါ့သ်မြို့သို့ စတင်ထွက်ခွာသွားပြီ ဖြစ်သည်။ အခြားသင်္ဘော Fugro Equator မှာ ရှာဖွေရေး သတ် မှတ်ဇုန်တွင် ရောက်ရှိနေပြီး လေ့လာမှုများ ပြုလုပ်နေပြီဟု သိရသည်။ ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန် ထရုစ်က “Fugro Survey ကို ကန်ထရိုက်တာအဖြစ် ရွေးချယ်လိုက်ရတဲ့ အကြောင်း က ငွေကြေး ကဏ္ဍအ ရရော၊ နည်းပညာအသုံးပြုမှု အပိုင်းမှာပါ အသင့်တော်ဆုံး ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ အနေ နဲ့တော့ အစောဆုံး သတ်မှတ်တဲ့ ရှာဖွေရေးဇုန်မှာ လေယာဉ်ပျက်ကို ရှာတွေ့မယ်လို့ အကောင်းမြင် မျှော် လင့် ထားပါတယ်”ဟု ပြောကြားခဲ့သည်။

Fugro Survey ၏ ရှာဖွေရေး လုပ်ငန်းစဉ်များကို အသံလှိုင်းထုတ်လွှင့်မှု ကိရိယာများ တပ်ဆင်ထားသည့် သင်္ဘောနှစ်စီး အပါအဝင် မလေးရှား ရေယာဉ် လေးစီးကလည်း ထောက်ပံ့ ကူညီသွား မည် ဖြစ် သည်။ လေယာဉ်ပေါ် တွင် တရုတ်နိုင်ငံသား အများအပြား လိုက်ပါသွားရာ တရုတ်သင်္ဘောတစ်စီးကလည်း အဆိုပါ ဧရိယာ အနီးတဝိုက် ပင်လယ်ကြမ်းပြင်ကို စစ်ဆေးမှုများ ပြုလုပ်နေသည်။

ယခုနှစ်သည် မလေးရှား လေကြောင်းလိုင်းအတွက် ဆိုးရွားသော ကာလတစ်ခု ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် လ အတွင်း က MH17 ခရီးသည်တင် လေယာဉ်သည်လည်း ယူကရိန်း အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် မှားယွင်း ပစ်ချ ခံရ သည်ဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျသွားခဲ့ပြီး လိုက်ပါသွားသူ (၂၉၈) ဦးစလုံး အ သက် ဆုံးရှုံးခဲ့သည်။

_Ref: BBC
7 Day

ပြိုင်ကားက ဆိုင်ကယ်လေးစီးကိုဆင့်တိုက်

မန္တလေး သြဂုတ် ၅
မန္တလေး-မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၅၅ လမ်းထောင့်အနီးရှိ ပတ္တမြား လက်ဖက်ရည်ဆိုင်ရှေ့ တွင် သြဂုတ် ၃ ရက် ည ၉ နာရီခန့်က ပြိုင်ကားတစ်စီးက ဆိုင်ကယ်လေးစီးကို ဆင့်တိုက်သည့် ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးချမ်းအေးသာစံမြို့နယ် ၈၆ လမ်းနှင့် လမ်း ၃ဝ ထောင့်အနီးနေ ဉာဏ်မောင် သန့်မောင်းနှင် လာသော အနက်ရောင် ပြိုင်ကား ၉ဂ/---- သည် လမ်းအနောက်မှ အရှေ့ သို့မောင်းနှင် လာစဉ် အရှိန် မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် ရပ်နားထားသော ဆိုင်ကယ်လေး စီးကို ဆက်တိုက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဝ၄ဝ)
Myanmaalinn

အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများ လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စတင် ဆောင်ရွက်နေပြီ



ရန်ကုန်၊ သြဂုတ် ၅

အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများကို လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဗဟိုကူးစက်ရောဂါဌာနမှ ဒေါက်တာကျော်ကံကောင်း က ”ဒါနဲ့ပတ်သက်ပြီး လေဆိပ်မှာ စမ်းလို့ရတဲ့ဟာက ဖျားလာသလား စမ်းသပ်တာပေါ့။ ဖျားတယ်ဆိုတာကို လည်း ကျွန်တော်တို့က ပြဒါးတိုင်နဲ့လိုက်တိုင်းနေတာ မဟုတ်ဘူး။Infrared (အင်ဖရာရက်ဒ်)နည်းနဲ့ စစ်ဆေးတဲ့ ကင်မရာတွေတပ်ဆင်ထားတယ်။ အဲဒီကင်မရာနဲ့လူတွေရဲ့ အပူချိန်ပေါ်မူတည်ပြီး လူမှာရှိရမယ့် ကိုယ်အပူချိန်ကို ကင်မရာက အရောင်တွေနဲ့ ပြနေတယ်။ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင် စသဖြင့်ပေါ့။ အနီရောင်ဆို တော်တော် ဆိုးနေပြီပေါ့”ဟု ပြောသည်။

ပြည်ပမှပြန်လာသူများတွင် ရောဂါအဖြစ်များသည့် နိုင်ငံမှ ပြန်လာသူများထဲမှ ဖျားလာသူများဆိုလျှင် ရောဂါ ရာဇဝင်မေးခြင်း၊ သံသယဖြစ်ပါက စောင့်ကြည့်စစ်ဆေးခြင်း များလုပ်ရကြောင်း ထိုကဲ့သို့ လုပ်ဆောင်မှုမျိုးကိုH1N1  တုပ်ကွေးဖြစ်ပွားစဉ် ၂ဝဝ၉ ခုနှစ်ကလည်းလုပ်ဆောင်ခဲ့ ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဒုတိယညွှန် ကြား ရေးမှူးလည်းဖြစ်သည့် ၄င်းက ပြောသည်။
အာဖရိကတိုက်အလယ်ပိုင်းတွင် အခြေခံဖြစ်တည် လာသည့် ထိုဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ ကူးစက်သောရောဂါပိုးဖြစ်ပြီး ရောဂါကူးစက်ခံရသူမှာ ၉ဝ ရာခိုင်နှုန်း အသက်ဆုံးရှုံးနိုင်သည်။ ဂီနီယာ၊ လိုက်ဘေး ရီးယားနှင့်ဆီရီယာလီယွန်နိုင်ငံတို့တွင် အဓိကဖြစ်ပွား နေပြီး နိုင်ဂျီးရီးယားနိုင်ငံတွင်လည်း စတင်ဖြစ် ပွားနေ   ကြောင်း သိရသည်။
လက်ရှိတွင် လူဦးရေ ၁၆ဝ၃ ဦး ကူးစက်ခံထားရပြီး သေဆုံးသူ ၉ဝဝ ခန့်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။

နယ်စပ်ဖြတ်ကျော်ဝင်လာနိုင်တဲ့ဂိတ်တွေမှာ လူနာကို တိုက်ရိုက်ထိတွေ့တဲ့နည်းနဲ့မဟုတ်ဘဲ အင်ဖရာရက်ဒ်နည်းနဲ့ပဲ စစ်ဆေးနိုင်တဲ့အဖွဲ့တွေကို တာဝန်ချထားပါတယ်။ အဲဒီလို ချထားရာမှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လည်းလုပ်ခိုင်းထားပါတယ်”ဟု ၄င်းက ပြော သည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီး က အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင် လျက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း လေဆိပ်နှင့် နယ် စပ်ဂိတ်များတွင် စစ် ဆေးနေသည့်အပြင် ကချင်ပြည်နယ်၊ ရ ခိုင်ပြည်နယ်တို့ကိုလည်း ဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတိပေးထားကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများကိုလည်း လွှတ်ရန် စီစဉ်နေကြောင်း ဒေါက်တာ ကျော်ကံကောင်းက ပြောသည်။
ထို့အပြင် ဆေးရုံ၊ ဆေးခန်းများကို လည်း တိုင်းကျန်းမာရေး ဦးစီးဌာနများ မှ တစ်ဆင့် ရောဂါ ကူးစက်မှုနှင့် ပတ် သက်ပြီး သတိပေးထားကြောင်း၊ လူနာ ကို သီးခြားထား ရှိရန် အဆောင်များ ကြို ပြင်ထားပြီးဖြစ်ကြောင်း ၄င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံတကာမှ ဧည့် သည်များစွာ ဝင်ရောက်နေပြီဖြစ်ရာ စစ်ဆေးရေးကိစ္စများကို ကျန်းမာရေးဝန် ကြီးဌာနက ဆောင်ရွက်နေပြီး ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အနေ ဖြင့်လည်း အီဘိုလာဗိုင်းရပ်စ်နှင့် ပတ် သက်၍ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက အချိန်နှင့် တစ် ပြေးညီ အသိပေးသွားမည်ဟု ဟိုတယ်/ ခရီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ဆေးမှုများနှင့် ပတ်သက်၍ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ”စစ်ဆေးရေး ကိစ္စက ကျန်းမာရေးက လုပ်တာပါ။ ဝင်လာတဲ့သူကို သူတို့အရင်စစ်တယ်။ ပြီးမှ ကျွန်တော်တို့ လဝကကိုဖြတ်တာ”ဟု ပြောသည်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရပါ က ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ရုတ် တရက် အားအင်ကုန်ခန်းခြင်း၊ ကိုယ် လက်ကိုက်ခဲခြင်း ဝေဒနာများ ခံစားရ မည်ဖြစ်ပြီး အခြေ အနေဆိုးပါက အသည်း၊ ကျောက်ကပ်များ ပျက်စီးကာ သွေးယိုခြင်းများ ဖြစ်လာနိုင်ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရမှုသည် ယခုနှစ် မတ်လမှ စတင်ခဲ့ခြင်းဖြစ်   ကြောင်း သိရသည်။

မေဇင်ဝင်း၊ မြတ်ဆုငြိမ်း
Popular Myanmar

Tuesday, August 05, 2014

စင်းလုံးငှား လူနာတင်လေယာဉ် ၀န်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်မည်

 မြန်မာနိုင်ငံမှာ လူနာတင်လေယာဉ် ၀န်ဆောင်မှု လုပ်ငန်းကို ထိုင်းနဲ့ မြန်မာကုမ္ပဏီတွေ ပူးပေါင်း လုပ်ဆောင် ဖို့ ရှိနေပြီး ပြည်တွင်းမှာ လာရောက် ရင်းနှီမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကြောင့် ဒီလုပ်ငန်းဟာ အနာ ဂတ်မှာ အရေးပါ တဲ့ ဈေးကွက်တခု ဖြစ်လာမယ်လို့ Myanmar MJETS Business Aviation Centre က စီမံခန့်ခွဲရေး ဥက္ကဋ္ဌက ပြောပါတယ်။

MJets_CJ3ပြည်တွင်းက Myanmar MJETS Business Aviation Centre က စင်းလုံးငှားလေယာဉ် ၀န်ဆောင်မှု နဲ့ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံက ပုဂ္ဂလိက ပိုင် လေကြောင်းကုမ္ပဏီတခုဖြစ်တဲ့ ထိုင်း အမ်ဂျေအီးတီအက်စ် (MJETS) နဲ့ ပူးပေါင်းဆောင်ရွက် ဖို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ အဆိုပါဝန်ဆောင်မှုလုပ်ငန်းက စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးအုန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲတွေရဲ့ ကျန်းမာရေးဆိုင်ရာအာမခံစနစ်ကို အထောက်အကူ ဖြစ်စေဖို့ ပြည်တွင်းမှာ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းကလည်း အရေးပါတဲ့ဈေးကွက် တခု ရှိလာမယ်လို့ ဆိုပါတယ်။

“ရေနံကုမ္ပဏီတွေ ရှိတယ်လေ။ အဲဒီ ရေနံကုမ္ပဏီတွေအကုန်လုံးက အာမခံကြေး ပါတာကိုး။ ရေနံကုမ္ပဏီတွေအကုန်လုံးက တခုခုဖြစ်လို့ရှိရင် ကျနော်တို့ဆီရောက်လာတယ်။ အဲဒါက အဲဒီပိုက်ဆံတွေ အကုန်လုံးက အာမခံကြေးကုမ္ပဏီကို ပေးရတယ်။ အဲဒီတော့ ဒါကြီး အခု တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ ဥပမာ – အော်ရီဒူးတို့ တယ်လီနော်တို့ ကုမ္ပဏီကြီတွေ၊ ရေနံ ကုမ္ပဏီတွေ ကမ်းလွန်တွေ ကုန်းတွင်းတွေ အဲဒီမှာ လာသမျှ ရင်းနှီးမြှုပ်နှံသူတွေ များလေလေ ဒီဈေးကွက်ကြီးက ကြီးလေလေပဲ။ အထူးသဖြင့် သူတို့ဆီက စီအီးအိုတွေ ဆိုရင် ငှားစီးကြတာ များတယ်။ အဲဒီတော့ ဒီဈေးကွက်က ရှိနေမှာပဲ။ ”

ဒီပြင် Myanmar MJETS Business Aviation Centre က မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာတဲ့ နိုင်ငံခြားသားပိုင် ကိုယ်ပိုင်လေယာဉ်ငယ်တွေအတွက် ရန်ကုန် နိုင်ငံတကာလေဆိပ် အဆောက်အအုံကို အသုံးပြုရန် မလိုဘဲ သီးသန့်နားနေ ထွက်ခွာနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းကိုလည်း စီစဉ်ထားတယ်လို့ ဦးအုန်းမြင့်က ပြောပါတယ်။

“လေယာဉ်ပျံတစီးမှာ အလွန်ဆုံးပါရင် ခရီးသည် ၁၀ ယောက်ပေါ့။ အဲဒီလို ရှိတဲ့အခါကျတော့ အန်ကယ်တို့ရဲ့ သီးသန့်နားနေ ထွက်ခွာနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းကို သုံးပြီးထွက်သွားတယ်။ အဲဒီလို ထွက်ဖို့ရာလည်း လူကြီးတွေက ကျနော်တို့ကို ယုံကြည်တဲ့အတွက်ကြောင့် ဂိတ်ဖွင့်ပေးတာပေါ့နော်။ အဲဒီဂိတ်မှာ အိတ်စရေးစက်တွေရှိတယ်၊ အကောက်အခွန် အရာရှိတွေ လာစောင့်ပေးတယ်။ လူဝင်မှုကြီးကြပ်ရေးတွေ ရှိတယ်။ တနေရာတည်းမှာ လာစောင့်ပေးတယ်။ အဲဒီတော့ ပုဂ္ဂလိက လာတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ သက်တောင့်သက်သာနဲ့ အ၀င်အထွက်လုပ်လို့ ရတာပေါ့။ ”

ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်လည်း ဘန်ကောက်နဲ့ စင်ကာပူနိုင်ငံတွေဆီ သွားရောက်လည်ပတ်ဖို့နဲ့ ဆေးကုသဖို့အတွက် စင်းလုံးငှားလေယာဉ်ဝန်ဆောင်မှုနဲ့ လူနာတင် လေယာဉ် ၀န်ဆောင်မှုလုပ်ငန်းတွေကို ပေးသွားမယ်လို့ သူကဆိုပါတယ်။

DVB

ဘင်္ဂါလီများကို နိုင်ငံသား ဟုတ် မဟုတ် လူတွေ့စစ်ဆေးမှုစတင်


ရန်ကုန်၊ သြဂုတ် ၅

နိုင်ငံသားအဖြစ် လျှောက်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဘင်္ဂါလီ တစ်ထောင်ကျော်အနက် ၁၀ ဦးကို သြဂုတ်လ ၅ ရက်နေ့တွင် လူချင်းတွေ့ဆုံကာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမောင်ရေချမ်းက ပြောကြားသည်။
နိုင်ငံသား အဖြစ် လျှောက်ထားသူ ၁၀၉၄ ဦးတွင် ၇၈၀ ကျော်မှာ မိဘများ ဖြစ်ကြသဖြင့် အဆိုပါ မိဘများကိုသာ စစ်ဆေးမည်ဖြစ်ပြီး နိုဝင်ဘာလ နောက်ဆုံးအပတ်အထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် စစ်ဆေးခဲ့သူများမှာ သုံးခေါက်ချိုးကတ် ကိုင်ဆောင်ထားသူများနှင့် အထောက်အထားမဲ့များ ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးရာတွင် ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ၏ မျိုးဆက် ဟုတ် မဟုတ်၊ ရူးသွပ်သူ၊ အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ဘိုးဘွားများ နေထိုင်ခဲ့မှု အထောက်အထားများကို အဓိကထား စစ်ဆေးခဲ့ကြောင်း ဦးမောင်ရေချမ်းက ရှင်းပြသည်။

ဘင်္ဂါလီများကို နိုင်ငံသား စိစစ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြို့နယ် အဆင့် စိစစ်ရေးအဖွဲ့က စစ်ဆေးမည်ဖြစ်ပြီး ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့အပြင် ဗဟိုကပါ အဆင်ဆင့် စိစစ်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်းက ပြောကြားသည်။

မြို့နယ်နှင့် ပြည်နယ်အဆင့်တို့တွင် ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်လူ့အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များကို ထည့်သွင်း ထားကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ်သတ်မှတ်ကာ ယခုနှစ် ဇွန်လ ၁၅ ရက်နေ့မှစ တင်ကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော် ရှိသည်။

The Voice Weekly

အွန်လိုင်းစာသောက်ဆိုင်လမ်းညွှန် MyLann စာမျက်နှာ စတင်တော့မယ်



မြန်မာပြည်သူတွေ စားသောက်ဆိုင်တွေကို အလွယ်တကူရှာဖွေပေးနိုင်မယ့် လမ်းညွှန်နဲ့ အစား အသောက်ဆိုင်ရာ လမ်းညွှန်တွေကို ပေးမယ့် MyLann အင်တာနက်စာမျက်နှာ ပေါ်ပေါက်လာပါပြီ။ ဒီလမ်း ညွှန်စာ မျက်နှာဟာ မြန်မာပြည်သူတွေအတွက် အဓိကရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲ။
မြန်မာနိုင်ငံ မှာ လမ်းညွှန်တစ်ခုခုနဲ့ပတ်သက်ရင် စာအုပ်ကိုသာ အဓိကထုတ်ဝေနေခဲ့ပေမယ့် အခုတော့ Online နည်းပ ညာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုတာ များလာတာကြောင့် လမ်းညွှန်ရှာဖွေရာမှာ ပုံနှိပ် စာအုပ်တွေက စာမျက်နှာအခက်အခဲနဲ့ အချက်အလက် မပြည့်စုံတာတွေ ရှိတာကြောင့် တကယ် ရှာမယ်ဆို ရင်လည်း Online ထက် အချိန်ပိုကုန်တယ်လို့ MyLann ထူထောင်သူ ကိုခိုင်လင်းက ရှင်းပြပါတယ်။

စားသောက်ဆိုင်လမ်းညွှန်အတွက် အကောင်းဆုံးလို့ ရည်ညွှန်းထားတဲ့ mylann.comမှာ ဝင်ရောက်ကြည့် သူရော စားသောက်ဆိုင်လမ်းညွှန်အဖြစ် ပါဝင်ချင်တဲ့ ဆိုင်တွေအတွက် အခမဲ့သတ်မှတ်ထားပြီး MyLann ကို စီးပွားရေးကြော်ငြာတွေ ကနေ ဝင်ငွေရှာမှာဖြစ်ပြီး ကြော်ငြာ ၃မျိုးရှိတယ်လို့ ကိုခိုင်လင်းက ရှင်းပြပါတယ်။

အွန်လိုင်း စားသောက်ဆိုင် လမ်းညွှန်ဆိုတာကို စားသောက်ဆိုင်တွေက နားမလည်ကြလို့ နားလည် မှုလွဲတာတွေ ရှိခဲ့ပေမယ့် အခုတော့ MyLann လမ်းညွှန်မှာ စားသောက်ဆိုင်အဆင့်အတန်း အမျိုးမျိုးကို စုံလင်အောင် တင်ပြပေးထားပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးလာချိန် ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာတော့မယ့်အချိန်မှာ အွန်လိုင်းပေါ်ကနေ သက်တောင့်သက်သာဖြစ်စေမယ့် လူမှုဘဝစတိုင်လ် တွေ ပြောင်းလဲနေကြပါတယ်။ MyLann ကတော့ သြဂုတ် ၁၅ရက်နေ့မှာ တရားဝင်စတင်မိတ်ဆက်တော့မယ်လို့ ဆိုပါတယ်။


Kamayut Media
(
) -
%
Estimated Time:

Global Preferences
(
) -
%
Estimated Time:
Global Preferences

ဆိုက္ကားနှင့် လမ်းလျှောက်နေသူတို့အား တိုက်မိပြီး ဆက်လက်မောင်းနှင်စဉ် အခြားယာဉ် (၂)စီးအား ထပ်မံတိုက်မိ


ရန်ကုန်၊ သြဂုတ် ၆

၅.၈.၂၀၁၄ရက်နေ့ ၁၄၃၀အချိန် ရန်ကင်းမြို့နယ်၊ကံဘဲ့ဘူတာရုံလမ်းသွယ်အတိုင်းသစ္စာလမ်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော CC---တိုယိုတာစပရင်တာအဖြူရောင် အငှားယာဉ်သည် ဆိုင်ခန်းအမှတ် (၇)ရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ဆိုက္ကားနှင့် လမ်းလျှောက်သွားနေသူ ရန်ကင်းမြို့နယ်နေ ဒေါ်သန်းသန်းထွေးတို့အားတိုက်မိပြီး ဆက်လက်မောင်းနှင်
သွားခဲ့ပါသည်။

ထိုသို့မောင်းနှင်သွားခဲ့ရာသစ္စာလမ်းထိပ်အရောက်ဝဲဘက်သို့ချိုးကွေ့မာင်းနှင်စဉ်သစ္စာလမ်း အတိုင်း ကံဘဲ့ဘက်မှ မိုးကောင်းဘက်သို့ မောင်းနှင်လာသည့် 2G---ဟွန်ဒါဖစ်မီးခိုးရောင်ကိုယ်ပိုင်ယာဉ်အား ဆက်လက်တိုက်မိပြီးနောက်မောင်းနှင်ထွက်ပြေးခဲ့ရာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ၂ခ/---ကန်မရီနံ့သာရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက္ကားနှင့် ယာဉ်များပျက်စီးပြီး ယာဉ်တိုက်ခံရသူဒေါ်သန်းသန်းထွေးတွင် စုတ်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာရန်ကုန်ဆေးရုံကြီးတွင်အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်တင်ပို့ ကုသခဲ့ရပါသည်။
ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့်ယာဉ်တိုက်မှုဖြစ်ကာထွက်ပြေးတိမ်းရှောင်သွားသူ CC---ယာဉ်မောင်းအား ရန်ကင်းမြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၃၈/၂၇၉/၂၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

ရထားလမ်းအားဖြတ်ကူးသူအမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံး


ရန်ကုန်၊ သြဂုတ် ၆

၅.၈.၂၀၁၄ရက်နေ့ ၂၁၃၀အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အင်းဝလမ်း မီးရထားသံလမ်းဂိတ်အနီးတွင် အမျိုးသားတစ်ဦး ရထားတိုက် ခံရသဖြင့် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့် ရှိ အမည်မသိ မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းနောက်စေ့၊ ဝဲဒူးတို့ တွင် ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၁၂၀အချိန် သေဆုံးသူအမျိုးသားသည် မီးရထားလမ်းအားဖြတ် ကူးစဉ် ရန်ကုန် မှနေပြည်တော် သို့ပြေးဆွဲသော အမှတ်(၇)အဆန်ရထားနှင့်တိုက်မိသဖြင့် ဒဏ်ရာ ရသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မ ရဲစခန်းသေ မှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နစ်မြုပ် အဏ္ဏ၀ါမင်း ငါးဖမ်းစက်လှေက ရေလုပ်သားများကို ရှာဖွေနေဆဲ


ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်ကြား ပင်လယ်ပြင်ထဲမှာ အဏ္ဏ၀ါမင်း ၉ အမည်ရှိ ပုဂ္ဂလိက ငါးဖမ်းစက်လှေတစီး နစ်မြှုပ်ခဲ့ရာမှာ ရေလုပ်သား ၆ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေ မယ့် ပျောက်ဆုံးနေ သူတွေကို ဆက်လက်ရှာဖွေနေရတယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။

အဏ္ဏာဝါမင်း အမှတ် ၉ ငါးဖမ်းလှေဟာ သြဂုတ် ၂ ရက်နေ့ မွန်းလွဲပိုင်းက နစ်မြုပ်သွားတာ ဖြစ်ပါတယ်။ စက်လှေပေါ် မှာ လူ ၂၅ ဦး လိုက်ပါသွားရာမှာ လက်ရှိ ကျောက်ဖြူမြို့ကို လူ ၆ ဦး ပဲရောက်ပြီး ၁၉ ဦး ပျောက်ဆုံးနေ တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး သန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
“စက်လှေမှောက် သွား တာက ၂ ရက်နေ့ နေ့လယ် ၁ နာရီလောက် က မှောက် တယ် ပြောပါ တယ်။ ကျောက်ဖြူမှာ အသက်ရှင်လျက် ရထားတာ ၆ ယောက်ရှိပါပြီ။ ကျန်တာကတော့ ငါးလုပ်ငန်းဦးစီးနဲ့ ဌာနဆိုင် ရာတွေက အားလုံး ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေပါတယ်။ အခုအချိန်အထိ ၆ ယောက်ပဲ ရထားသေးပါတယ်။ သူတို့ပြောတာတော့ မျောနေတယ်ပြောတယ်။ မနေ့က ကျနော်တို့ဆီ ရောက်တာ ၅ နာရီခွဲလောက် ရှိပြီ။”


ပြန်တွေ့တဲ့ လူ ၆ ဦးဟာ အလုပ်သမားတွေ ဖြစ်ကြပြီး ရခိုင်ပြည်နယ် မင်းပြားက ၁ ဦး၊ ဟိုင်းကြီးကျွန်းက ၂ ဦး၊ ဧရာဝတီတိုင်း ကျုံပျော်က ၁ ဦး နဲ့ ရန်ကုန်တိုင်း ကြည်ြ့မင်တိုင်က ၂ ဦး ပါဝင်ပါတယ်။
ပြန်လွတ် လာ သူများက ရဲစခန်းမှာ ထွက်ဆိုချက်အရ လှေမှောက်ရခြင်း အကြောင်းရင်းဟာ မုန်တိုင်းအန္တရာယ်ကြောင့် မဟုတ်ဘဲ ပဲ့နင်းဖြစ်သူရဲ့ မကျွမ်းကျင်မှုကြောင့် ဖြစ်ရတယ်လို့ ယူဆတဲ့အတွက် ဒုတိယ ပဲ့နင်းဖြစ်တဲ့ ဦးမြင့်အောင်ကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စခန်းမှူးက ပြောပါတယ်။
“မုန်တိုင်း အန္တရာယ်ကြောင့် ဖြစ်တာမဟုတ်ဘူးပေါ့နော်။ ဖြစ်တာက ပဲ့နင်းရဲ့ မကျွမ်းကျင် မှုကြောင့် ဖြစ် တယ်လို့ ကျနော်တို့ ယူဆတယ်။ သက်သေခေါ်ထား တဲ့သူတွေကလည်း စစ်တဲ့အခါမှာ ပဲ့နင်း မကျွမ်းကျင် မှုကြောင့် စက်လှေမှောက် သွားတယ်လို့ သိရလို့ အမှုဖွင့်ထားပါတယ်။” အမှုဖွင့်ခံ ရသူ ဦးမြင့်အောင် ကတော့ ပျောက်ဆုံးနေ ဆဲ ဖြစ်ပါတယ်။


လှေပေါ်ပါလာသူအရေအတွက်နဲ့ ပျောက်ဆုံးသူအရေအတွက်တွေကတော့ ရဲစခန်း နဲ့ လှေပေါ်မှာ ပါလာ သူတွေရဲ့ ပြောကြားချက် ကွဲလွဲမှုရှိနေပါတယ်။ စက်လှေ နစ်ရာမှာ ပါသွားပြီး အရင်ဆုံးလွတ်မြောက်လာတဲ့ စက်ဆရာ ဦးသန်းအောင်ကတော့ သူတို့ကျောက်ဖြူက ထွက်လာစဉ်မှာ လှေပေါ်မှာ ၂၁ ဦး ရှိပြီး ၆ ဦး လွတ်မြောက်ကာ ၁၅ ဦး ပျောက်နေတယ်လို့ ဆိုပါတယ်။


၁၄ နာရီကြာ ပင်လယ်ထဲ ကူးခတ်ပြီး အသက်ဘေးက ပြန်လွတ်လာတဲ့ စက်ဆရာ ဦးသိန်းအောင်က သူတွေ့ကြုံခဲ့ရတာကို ခုလို ပြန်ပြောပြပါတယ်။ “ဘာဖြစ်လို့ မှောက်သွားလဲဆိုတော့ ပိုက်ဆွဲနေရင်း နဲ့ လှေတခြမ်းစောင်း သွားလို့ အလှည့်များသွားပြီးတော့ လေရဲ့လှိုင်းတွေကလည်း လာတော့ အုပ်ပြီးမှောက် သွားတယ်။ မိုးလေ၀သအခြေအနေက အဲဒီနေ့ကနေစပြီးဖောက်ပါတယ်။ အဲဒီကစပြီးတော့ မိုးလည်းရွာ တယ်၊ လေလည်းတိုက်တယ်၊ လှိုင်းလည်းကြီးတယ်။ ဘယ်လိုလွတ်မြောက်ခဲ့လဲ ဆိုတော့ ကျနော်တို့ လှေမှောက်တဲ့အချိန်မှာ အပြင်ကလှေတွေနဲ့ ဆက်သွယ်မှု ဘာတခုမှ မရှိခဲ့ဘူး။ ဘာတခုမှ မရှိတော့ ဒီလူတွေ အသက်ရှင်ရေးအတွက် ရေလိုက်ကူးခဲ့တယ်။ မြင်တဲ့လှေကို ရေကူးပြီး အကူအညီတောင်းတယ်ပေါ့။ ကျနော် ၁၄ နာရီ ကူးခဲ့ရပါတယ်။”

လှေမှောက်တဲ့နေရာဟာ ကျောက်ဖြူဆိပ်ကမ်းကနေ ၁၀ မိုင်လောက်ကွာဝေးပြီး ကမ်းနဲ့ အလှမ်းဝေး လှတယ်လို့တော့ မဆိုသာပေမယ့် ရေစီးနှုန်းမှာ ၁ နာရီ ၃ မိုင်လောက် မြန်နေတဲ့အ တွက် ကမ်းကို လှမ်းမြင်ပေ မယ့် ရေမကူးရဲဘဲ ရေစီးကြောင်းနောက်သာ လိုက်ပါကြကြောင်း၊ အားလုံး လွတ်မယ် လို့ မျှော်လင့်နေကြောင်း သူကဆက်ပြောပါတယ်။
သူတို့ ၆ ဦး လုံး ထိခိုက်ဒဏ်ရာရမှုမရှိဘဲ မောပန်းနွမ်းနယ်မှုသာရှိတဲ့အတွက် မနက်ဖြန် ရန်ကုန်ပြန်မယ်လို့ ဆိုပါတယ်။

အဏ္ဏာဝါမင်းငါးဖမ်းလှေအုပ်စု ကိုယ်စားလှယ် ဦးတင်အောင်ထွေးကတော့ လှေဟာ ရန်ကုန်ကနေ ထွက်ခွာလာတုန်းက လူ ၂၅ ဦး ပါလာပြီး လမ်းခုလပ်မှာ ဆင်းခဲ့ကြလို့ လှေမှောက်ချိန်မှာ ၂၁ ဦးသာ ကျန်ရှိကြောင်း၊ အဲဒီငါးဖမ်းလှေတွေဟာ ရန်ကုန်မြို့က ရွှေအော်ကြီး ကုမ္ပဏီပိုင်ဖြစ်ပြီး ရခိုင်ပင်လယ်ပြင်ထဲမှာ ငါးဖမ်းနေတဲ့လှေ ၆ စီး ရှိကာ အခု ကျန်တဲ့လှေ ၅ စီးလုံးက ပျောက်ဆုံးနေတဲ့ လူတွေကို နေ့ရော ညပါ ၀ိုင်းဝန်း လိုက်လံ ရှာဖွေနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
DVB

“My Lovely Girl” ဇာတ်ကားတွင် f(x) အဖွဲ့မှ ခရစ္စတယ် ပါဝင်သရုပ်ဆောင်မည်

f(x)အဖွဲ့မှ ခရစ္စတယ်သည် မကြာမီ ရိုက်ကူးမည့် SBS ဇာတ်လမ်းတွဲ “My Lovely Girl”တွင် မင်းသားချောရိန်းနှင့် အတူ အဓိက အခန်းကဏ္ဍမှ ပါဝင် သရုပ်ဆောင် မည်ဖြစ်ကြောင်း k pop သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။ ခရစ္စတယ်သည် ယင်းဇာတ်လမ်းတွဲတွင် အဓိက ဇာတ်ဆောင် မင်းသမီး ဆီနာအဖြစ် သရုပ်ဆောင်ရန် အတည်ပြု ပြောကြား ထားပြီးဖြစ်သည်။

၎င်းသည် ရိန်းထက် အသက် ၁၂ နှစ်ငယ်ပြီး အပြစ်ကင်းသည့် မိန်းမလှလေး ပုံစံပေါက်သည့် အပြင် အမြင် စူးရှသောကြောင့် ဇာတ်ကားအတွင်း ဆီနာ၏ အခန်း ကဏ္ဍတွင် အံဝင်ဂွင်ကျ သရုပ်ဆောင် နိုင်မည့်သူဖြစ်ကြောင်း၊ ထို့အပြင် ဂီတလောကမှ လာသည့် အတွက် ပိုပြီး အဆင်ပြေမည် ဖြစ်ကြောင်း၊ ဇာတ်လမ်းတွဲ ထုတ်လုပ်သူက မှတ်ချက်ပြု ပြောကြားခဲ့သည်။

“အစ်ကိုရိန်းနဲ့ အတူတူ ဇာတ်လမ်းတွဲ ရိုက်ရမယ်ဆိုတာ ကျွန်မနေနဲ့ မယုံနိုင်စရာပါဘဲ၊ ဒီလိုဖြစ်မယ် လို့လည်း ဘယ်တုံးကမှ မတွေးမိခဲ့ပါဘူး”ဟု  ခရစ္စတယ် ကပြောကြား ခဲ့သည်။

Mizzima

Monday, August 04, 2014

မွန်းတည့်နေ သတင်းသမားတွေအပေါ် အမှုပြောင်းတရားစွဲ



သတင်းရေးသား ဖော်ပြမှုကြောင့် ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ Bi မွန်းတည့်နေ သတင်းဂျာနယ်က အယ်ဒီတာ တဦးကို ဒီကနေ့ တရားရုံးထုတ်စဉ်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့  ဂျာနယ် တာဝန်ရှိသူ ၅ ဦးကို လည်း ပြစ်ဒဏ်သက်သာတဲ့ ပုဒ်မတွေ ပြောင်းလဲ တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း အာဏာပိုင်တို့ ဘက်က သတင်းမီဒီယာအပေါ် တင်းတင်းမာမာ ကိုင်တွယ်နေတာတွေ လျော့ကျလာတာလို့လည်း ရှုမြင်ချက်တွေ ရှိနေပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက် ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်တခုကို သတင်းရေး သား ဖော်ပြခဲ့မှုနဲ့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာ နဲ့ သတင်းထောက် စုစုပေါင်း ၆ ဦးတို့ကို အစိုးရက ဇူလိုင်လအတွင်းက ဖမ်းဆီးခဲ့တာပါ။ ဒီကနေ့ ပန်းပဲတန်း တရား ရုံးမှာ ရုံးထုတ်တာမှာတော့ ဖမ်းဆီးထားသူတွေထဲက အယ်ဒီတာ ကိုရဲမင်းအောင်ကို ပြန်လွှတ်ပေး လိုက်ပါတယ်။ ကျန်တဲ့ ၅ ဦးကိုတော့ အရင် အများပြည်သူ အထိတ်တလန့် ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ ပုဒ်မ ၅ (ည) တို့နဲ့ တရားစွဲဆိုထားတာကနေ ပြစ်ဒဏ် သက်သာတဲ့ ပုဒ်မတွေ ပြောင်းလဲ စွဲဆိုခဲ့တယ်လို့ တရားစွဲဆိုခံရသူတို့ရဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ရဲသတင်းတပ်ဖွဲ့က ရဲမှူး ဦးထွန်းသိန်းက တရားလိုလုပ်ပြီးတော့ ဒီနေ့တော့ ပုဒ်မပြောင်းပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ /၃၄ နဲ့ တရားစွဲဆို တင်ပို့ပါတယ်။ အစ ယမန်ယူတုန်းကတော့ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ) နဲ့ (ည) အရ ယူလာတယ်။ ဒါပေမယ့် လက်တွေ့ တရားစွဲဆို တင်ပို့တဲ့အခါမှာ ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးကနေ အကြံပြုချက်အရ ပုဒ်မ ပြောင်းသွားတာပါ။ လျော့သွားတာပေါ့ဗျာ၊ ပထမဖြစ်စဉ်ကတော့ ထောင်ဒဏ် ၁၄ နှစ်ထိုက်တာ၊ ၁၄ နှစ်ထိုက်တဲ့ ပြစ်ဒဏ်ကနေပြီး အခုတော့ အများဆုံးထောင်ဒဏ် ၂ နှစ်ပဲ ထိုက်တဲ့ပြစ်ဒဏ်ကို ပြောင်းသွားတာ။ ဆိုတော့ ဒါကတော့ ကောင်းတဲ့လက္ခဏာပေါ့နော။”

ဒီရက်ပိုင်းတွေ အတွင်း သတင်းသမားတွေကို ဖမ်းဆီး တရားစွဲဆိုမှုတွေ၊ ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်နေတဲ့ အခြေအနေတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခဲ့ပြီး နောက်မှာတော့ မြန်မာ စာနယ်ဇင်း ကောင်စီ (ယာယီ) နဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ မီဒီယာအရေး ဆွေးနွေးခဲ့ကြတာပါ။ ဒီလိုတွေ့ဆုံပြီး ရက်ပိုင်းအကြာမှာပဲ အခု Bi မွန်းတည့်နေ သတင်းဂျာနယ်က ဖမ်းဆီးခံရသူတွေကို အခုလို သက်သာတဲ့ ပုဒ်မတွေနဲ့ ပြောင်းလဲ တရားစွဲဆိုခဲ့တာ ဆက်နွှယ်မှုရှိမယ်လို့ ယူဆတဲ့အကြောင်း မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) က ဦးရဲမင်းဦးက ဆိုပါတယ်။

“စာနယ်ဇင်းကောင်စီဘက်ကလည်း တင်ပြတယ်ပေါ့နော်။ တင်ပြတယ်ဆိုတာက တရားဥပဒေကြောင်းအရ ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ တချို့ နစ်နာမှုမရှိအောင်၊ နောက်တစ်ခုက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင်ကြားမှာ ပိုပြီးတော့ နားလည်မှုတွေပျောက်ပြီးတော့ တင်းမာမှုတွေ ပိုများလာတာမဖြစ်အောင် ဆောင်ရွက်လို့ရတာတွေပေါ့နော်။ လုပ်ပိုင်ခွင့်ထဲကနေ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးစေချင်ပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံတယ်ပေါ့၊ တင်ပြခဲ့တာပေါ့။ အခု အဲဒီအပေါ်မှာ မူတည်ပြီးတော့ တော့ အိုကေ- ဒါဆိုရင်တော့ ဥပဒေ မူဘောင် ဖရိမ် (Frame) တွေထဲကနေပြီးတော့ပဲ လုပ်လို့ရတာတွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်- အဲလိုဆိုတော့ အဲဒါနဲ့ နည်းနည်း သက်ဆိုင်မှု ရှိမယ်လို့တော့ ထင်တယ်။”

အပတ်စဉ်ထုတ် Bi မွန်းတည့်နေ ဂျာနယ်ရဲ့ ထုတ်ဝေသူ ဦးယဉ်မင်းထွန်း၊ ဦးကျော်မင်းခိုင်၊ သတင်းသမားတွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးသူရအောင်နဲ့ ကိုကျော်ဇောဟိန်း တို့ကိုတော့ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာ အခု ပြောင်းလဲ တရားစွဲဆိုလိုက်တဲ့ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုနဲ့ ဆက်လက် တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့ ဒီနှစ်အတွင်းမှာ သတင်းရယူဖို့ ကြိုးစားမှု၊ သတင်းရေးသား ဖော်ပြမှုတွေနဲ့ သတင်းသမားတွေကို ဖမ်းဆီး တရားစွဲဆိုမှုတွေ ထောင်ဒဏ်ချမှတ်မှုတွေကြောင့် မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေအပေါ်မှာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့ မီဒီယာဖိနှိပ်မှုအပါအ၀င် ပြုပြင်ပြောင်းလဲရေး နှေးကွေးမှုတွေကြောင့် အမေရိကန်ပြည်ထောင်စုဘက်က စဉ်းစားထားတဲ့ မြန်မာအပေါ် နောက်ထပ် လိုက်လျောဖြေလျှော့ဖို့ ကိစ္စရပ်တွေကို ရပ်ဆိုင်းထားဖို့ မကြာခင် မြန်မာနိုင်ငံကိုသွားမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို လွှတ်တော်အမတ်တွေကလည်း တိုက်တွန်းထားပါတယ်။

ကမ္ဘာ့မြို့ကြီး ၇ မြို့မှာ စတင် ကြော်ငြာ လိုက်သည့် ဒုတိယမြောက် CR7 အတွင်းခံ


အင်္ဂလန်၊ သြဂုတ် ၄။ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒို ပိုင်ဆိုင်သည့် CR7 အ၀တ်အစား ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒုတိယမြောက် CR7 အတွင်းခံကို ကမ္ဘာ့ နာမည်ကြီး မြို့ကြီးများ ဖြစ်သည့် လန်ဒန်၊ ပဲရစ်၊ မီလန်၊ ဘာလင်၊ နယူးယော့ခ်၊ လစ္စဘွန်းနှင့် မက်ဒရစ် မြို့ကြီးများတွင် စီရော်နယ်ဒို၏ ကြီးမားသော ရုပ်ပုံကြီး များဖြင့် စတင် ကြေညာ လိုက်ပြီ ဖြစ်သည်။

စီရော်နယ်ဒိုသည် ထိုကြော်ငြာ ဓာတ်ပုံများကို နာမည်ကြီး ဓာတ်ပုံဆရာ ရန်ကင်နှင့် ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုက ၎င်းသည် ဖက်ရှင်နှင့် ပတ်သက်လာလျှင် ဒေါသထွက်လွယ် တတ်သူ ဖြစ်ကြောင်းနှင့် ဖက်ရှင် အ၀တ်အစား များတွင် အရည်အသွေးသည် အလွန် အရေးကြီးကြောင်း ပြောသည်။

စီရော်နယ်ဒိုက “ဒုတိယမြောက် CR7 အတွင်းခံကို ထုတ်လုပ် နိုင်ခဲ့တဲ့ အတွက် အလွန် ဂုဏ်ယူမိ ပါတယ်။ နံပါတ် ခုနှစ်ဟာ ကျွန်တော့် နှလုံးသားနဲ့ အနီးဆုံးမှာ အမြဲ ရှိနေ ခဲ့တာပါ။ ကမ္ဘာပေါ်က နာမည်ကြီး မြို့ကြီး ခုနှစ်မြို့မှာ CR7 ရဲ့ အတွင်းခံကို ထုတ်ဖော်ပြသ နိုင်ခဲ့လို့ စိတ်လှုပ်ရှားမိ သလို ဂုဏ်လည်း ယူမိပါတယ်။ ရန်ကင်နဲ့ အတူ တွဲဖက် အလုပ်လုပ် ရတာကလည်း အလွန်ကျေနပ်ဖို့ ကောင်းပါတယ်။ သူရိုက်ထားတဲ့ ပုံတွေကို ကြည့်ရတာ တကယ်ကို စိတ်လှုပ်ရှား စရာကောင်း ပါတယ်။ ဒါကအိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ” ဟု ပြောသည်။

နောက်ဆုံးတွင် စီရော်နယ်ဒိုက “ကျွန်တော့် အတွက်တော့ အတွင်းခံ ဘောင်းဘီက အလွန်အရေးကြီး ပါတယ်။ စတိုင်ကျဖို့ လိုအပ်သလို ဘော်ဒီနဲ့ ကွက်တိ ဖြစ်ပြီး သက်သောင့်သက်သာ ရှိဖို့လည်း လိုပါတယ်။ အရေးအကြီးဆုံး ကတော့ အရည်အသွေး ကောင်းဖို့ပါပဲ” ဟု ပြောသည်။

Ref: dailymail
Mizzima

မြန်မာပြည်အနှံ့ မိုးသည်းထန်ရေကြီး

ပဲခူးတိုင်း၊ ပဲခူးမြို့ မြေနိမ့်ပိုင်းမှာ လူနေရပ်ကွက်နဲ့
လူသွားလမ်းတွေ ရေကျော်နေတဲ့
အခြေအနေ။ (သြဂတ် ၄၊ ၂၀၁၃၄)
မြန်မာနိုင်ငံတွင်းက တိုင်းဒေသကြီး တချို့မှာ ဒီသီတင်း ပတ်တွင်း မိုးသည်း ထန်စွာ ဆက်တိုက်ရွာသွန်း တဲ့ အတွက် နေအိမ်တွေနဲ့ ကားလမ်း တွေမှာ ရေကြီး ရေလျှံ နေပါတယ်။ ရေဘေး ဒဏ်ကြောင့် လယ်ယာ ဧကစိုက်ပျိုး မြေတွေ ရေနစ် မြုပ်ကုန်မှာ ကိုလည်း စိုးရိမ် နေကြ ပါတယ်။ မြန်မာနိုင်ငံ တဝှမ်း မြစ်ရေကြီးပြီး စိုးရိမ်ရေမှတ် ကျော်လွန်လာနိုင် ခြေရှိတဲ့ အတွက်လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ အသေးစိတ် မဆုမွန် က တင်ပြပေးထားပါတယ်။

သြဂုတ်လဆန်းပိုင်းကစလို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံတဝှမ်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ဘက်တွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက်  မြစ်ရေကြီး လာနေပါတယ်။ မြေအနိမ့်ပိုင်းဒေသတွေက လူနေအိမ်ခြေတွေ ရေနစ်မြုပ်မှုဖြစ်သလို စိုက်ပျိုးမြေဧ ကတော်တော်များ များလည်း ရေလွှမ်းမိုးမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးဆက်တိုက်ရွာသွန်းတဲ့အတွက် ဧရာဝတီတိုင်း လေးမျက်နှာဘက်မှာလည်း ရိတ်သိမ်းခါနီး စိုက်ပျိုးမြေတွေ ကို ရေလွှမ်းမိုးမှုရှိနေတဲ့အတွက် လယ်သမားတွေ စိုးရိမ်တဲ့အနေအထားကို လယ်သမားကိုစိုးခိုင်က ပြောပြပါ တယ်။

“ကျနော်တို့ ဧရာဝတီတိုင်းက လက်ရှိ မိုးရေလောက်နဲ့ကို လူနေအိမ်ခြေတွေ ဒုက္ခရောက်လောက်တဲ့ အနေအ ထား မကျသေးဘူး။ လယ်တွေကတော့ နိမ့်တာတွေကတော့ တချို့ဟာတွေ မြုပ်စပြုနေတယ်။ ဒီဘက်မှာ ဆိုရင်တော့ လေးရက်လောက်ကို ဆက်တိုက်ရွာသွားတယ်။ အဲဒါကြောင့်ကို ဆိုးဆိုးဝါးဝါး ဖြစ်သွားတာ။”

ပဲခူးတိုင်း ပြည်မြို့ဘက်မှာ နေအိမ်တချို့ရေနစ်မြုပ်သလို ရေမြောင်းတွေပိတ်ဆို့ပြီး ရေမဆင်းတဲ့အတွက် ကားလမ်းတွေပေါ်မှာ ရေလွှမ်းမိုးနေတဲ့အကြောင်း ပဲခူးတိုင်း ပြည်မြို့က ကိုဇော်ထက်ဝင်းက ပြောပြပါတယ်။

“မိုးက အခုတလော တော်တော်များပါတယ်။ မနေ့ကဆိုလို့ရှိရင် တော်တော်ရွာတယ်။ ဒီနေ့လည်း ရွာပါ တယ်။ မိုးရွာလို့ရှိရင်တော့ ကံကျောင်းလမ်းတို့ ဘာတို့ မြုပ်တာပေါ့နော်။ ရွှေလက်လှရပ်ကွက်တို့ ဘာတို့ဆို လည်း မြုပ်တာ ပါပဲ။ မိုးကကောင်းတော့လေ၊ အဲဒီနေရာတွေဆိုရင် ဒူးခေါင်းကျော်ကျော်လောက် အထိကို မြုပ်တယ်။ ရေမြောင်းတွေက အကုန်ပိတ်နေတာ။ တော်တော်များများ ပိတ်တယ်။ မြင့်တဲ့နေ ရာလောက်ပဲ အဆင်ပြေ တယ်။ ကျန်တာဆိုလို့ရှိရင် ရေမြောင်းက မစီးဘူး၊ ပိတ်တယ်။ တချို့နေရာတွေ ရေမြောင်းမ ရှိဘူး။”

ဧရာဝတီတိုင်း ပန်းတနော် ချောင်းလေးစု ကျွန်းတောစုက လယ်သမားဦးမြင့်လွင်ကလည်း အခုရက်ပိုင်းတွေ အတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့အတွက် လယ်ယာမြေတော်တော်များများ ရေနစ်မြုပ်ကုန် တဲ့အကြောင်း ပြောပြပါတယ်။

“ဒီရက်ထဲမှာတော့ မိုးများတော့ ရေနည်းနည်းများတာပေါ့အမရဲ့၊ ကမ်းတိုက်ပဲရှိသေးတယ်။ ကွင်းရေ ကတော့ မိုးများတော့ ရေနည်းနည်းများတယ်။ မိုးရေကြီးတာ ဆယ်ရက်လောက်တော့ ရှိပြီ။ ဒီရက်ထဲ မိုးတအား သွန်တော့- ကွင်းရေကတော့ မိုးများပြီး ရေထွက်ပေါက်ကနည်းတယ်။ အတော်လေးရွာတယ်၊ နေ့ရော ညရော ရွာတယ်။ ကွင်းသမားတွေကျတော့ ရထားလမ်း၊ ကားလမ်းတွေက ကျင်းမြောင်းကမနိုင်တော့ ရေအယ်တာပေါ့။”

ပဲခူးမြို့ပေါ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးမရပ်ရင်တော့ နေအိမ်တွေရေနစ်မြုပ်တဲ့ အနေအ ထားဖြစ်လာနိုင်တယ် လို့ ပဲခူးမြို့ခံတစ်ဦးကလည်း ပြောပါတယ်။ အခုလို မြန်မာနိုင်ငံတဝှမ်း မိုးများပြီး ရေကြီးရေလျှံဖြစ်နေတဲ့ အပေါ် ဒေသခံပြည်သူတွေက စိုးရိမ်မှုတွေရှိနေချိန်မှာပဲ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဘက်ကလည်း ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ဖို့ မိုးလေဝသ သတိပေးကြေ ညာချက်တွေ ကို အရေးပေါ် ထုတ်လွှင့်ပေးနေတယ်လို့ ဆိုပါတယ်။

စိုးရိမ်ရေမှတ်ကျော်လွန်နိုင်တဲ့ မြစ်ရေကြီးမှုတွေကို အချိန်နဲ့တပြေးညီ ကြေညာပေးနေသလို မိုးရေချိန်မြင့် လာနေတဲ့အပေါ်လည်း မိုးကြီးနိုင်တာတွေကို သတိပေးနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟင်ရင်နိုင်တရမ်းက ပြောပါတယ်။

“မိုးလေဝသနဲ့ ဇလဗေဒဌာနအနေနဲ့ကတော့ မြစ်ရေတိုင်း စခန်းရှိတဲ့နေရာတွေ ဥပမာ ဧရာဝတီမြစ် တလျှောက်၊ ချင်းတွင်းမြစ်တလျှောက်၊ နောက် သံလွင် ဆိုရင်တော့ ဖားအံမှာပေါ့နော်။ မြစ်ရေချိန်ရှိ တဲ့နေရာတွေ၊ နောက် ရွှေကျင်၊ ပဲခူး စသဖြင့် အဲဒီမြစ်တွေမှာ ကျမတို့က case တပ်ထားတဲ့ အခါကျတော့ ဒီ case ရဲ့ သတင်းပေးပို့ချက်အရပေါ့နော်။ ကာကွယ်ရေး ဘာညာကတော့ ကျမတို့ကတော့ warning provider ပေါ့နော်-

အဲဒါပေးတယ်။ နောက် တခြား evacuate တို့၊ တခြား ပံ့ပိုးတာတို့ကျတော့ သက်ဆိုင်ရာက တဆင့်တဆင့် သွား တာပေါ့နော်။ ကျမတို့က အဓိက-ကတော့ early warning ပေးတာပါ။ နောက် ဒီနေ့ ထုတ်တာ ဆိုရင်တော့ ရွှေကျင်မြစ်မှာလည်း နောက်ထပ် ၄၈ နာရီအတွင်းမှာ စိုးရိမ်ရေအမှတ် ကျော်နိုင်တယ်ဆိုတာ ကျမတို့ ထုတ်ပြန်ပါတယ်။ ရွှေကျင်မြစ်မှာပါ၊ ရွှေကျင်မြစ်။ နောက် ငသိုင်းချောင်းမှာလည်း လက်ရှိမှာတော့ စိုးရိမ်ရေ အမှတ် အထက်မှာ ရှိပါတယ်။ လက်ရှိမှာ သုံးနေရာမှာတော့ ရှိပါတယ်။”

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအပြင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဘက်တွေမှာလည်း မိုးရေချိန်မြင့်တက်လာနိုင်တဲ့အတွက် မြေနိမ့်ပိုင်းတွေ ရေနစ်မြုပ်နိုင်သလို ရေလွှမ်းမိုး မှုတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ရေဘေးဒုက္ခကြုံလာရနိုင်တဲ့ ပြည်သူတွေ ရေဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးဖို့ကိုလည်း အာဏာပိုင်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)

Ebola ဗိုင်းရပ်စ် ကူးစက်သူ နိုင်ဂျီးရီးယားမှာ ထပ်မံတွေ့ရှိ

အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် အသိပေးဆိုင်းဘုတ်အား လိုင်ဘေးရီးယားမှာ စိုက်ထူထားပုံ။

နိုင်ဂျီးရီးယားနိုင်ငံမှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရသူကို ကုသပေးတဲ့ ဆရာဝန် တယောက် လွန်ခဲ့တဲ့ ၁၀ ရက်က Lagos မြို့မှာ သေဆုံးခဲ့ တာဟာ ဒုတိယမြောက် သေဆုံးမှု ဖြစ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။

နိုင်ဂျီးရီးယား တာဝန်ရှိ သူတွေက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရေး ဆောင်ရွက်ချက် အနေနဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈ ဦးကို သီးခြား ခွဲထား ရှိထားပြီး နောက်ထပ် သုံးယောက်တို့ ကိုလည်း စစ်ဆေးမှု အဖြေကို စောင့်စားနေကြတယ်လို့ ကျန်းမာရေး ၀န်ကြီး Onyebuchi Chukwu က တနင်္လာနေ့မှာ ပြောပါတယ်။  တချိန်တည်းမှာပဲ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနကနေ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ၅၀ တို့ကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုဒဏ် အကြီးအကျယ် ခံစားနေရတဲ့ အနောက် အာဖရိက ၃ နိုင်ငံကို အကူအညီပေးရေး အဖြစ်နဲ့ စေလွှတ် နေပါပြီ။

အနောက် အာဖရိက သုံးနိုင်ငံမှာ ဒီနှစ်အတွင်း အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီလကုန်ပိုင်းမှာ ဂီနီ၊ ဆီရာလီယွန်းနဲ့ လိုက်ဘေးရီးယား နိုင်ငံတို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုဒဏ် ခံနေရတဲ့ ဒီသုံးနိုင်ငံအတွင်း ဒေါ်လာ သန်း ၁၀၀ သုံးစွဲမယ့် အရေးပေါ် ဆောင်ရွက်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အတွက် ကျွမ်းကျင်သူ ၆၀၀ လောက် လိုလိမ့်မယ် လို့လည်း WHO ရဲ့ ပြောခွင့်ရက ပြောထားပါတယ်။

ဒီနိုင်ငံ ၃ ခုတို့မှာ အီဘိုလာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးက စေတနာ့ ၀န်ထမ်း ၂ ထောင်ကျော်တို့ အလုပ်လုပ် နေကြပါတယ်။ လိုက်ဘေးရီးယား နိုင်ငံက အီဘိုလာ ကူးစက်ခံရသူတွေကို ကုသပေးရင်း အီဘိုလာ ကူးစက်ခံခဲ့ရသူ အမေရိကန်ဆရာဝန် တဦးဟာလည်း စနေနေ့မှာ ဌာနေ ပြန်လည် ရောက်ရှိခဲ့ပြီး ဂျော့ဂျီယာ ပြည်နယ် အတ္တလန္တာက Emory တက္ကသိုလ် ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ။ ဒါ့အပြင် လိုက်ဘေးရီးယားနိုင်ငံတွင်းမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အမေရိကန် သာသနာပြုတဦးလည်း အင်္ဂါနေ့မှာ ပြန်လည် ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဂါဇာက နေရာအချို့မှာ အစ္စရေး ၇ နာရီ အပစ်ရပ်ထား


ဂါဇာ ဒေသ နယ်မြေအချို့မှာ အစ္စရေး တို့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ၇ နာရီကြာ ရပ်စဲထားဖို့ အစ္စရေးတို့ဘက်က ကြေညာတဲ့ အစီအစဉ်ဟာ အခု စတင် သက်ရောက် နေပါပြီ။

ခြွင်းချက် အနေနဲ့ ဂါဇာ တောင်းပိုင်းက ရာဖာ မြို့မှာတော့ ဒီ ၇ နာရီကြာ အပစ်ရပ် အစီအစဉ် သက်ရောက်မှာ မဟုတ်ဘဲ ပါလက်စတိုင်း ဘက်က တိုက်ခိုက်လာရင် တုံ့ပြန် တိုက်ခိုက် သွားမယ်လို့ အစ္စရေး စစ်တပ် အရာရှိ တဦးက ပြောပါတယ်။

 အပစ်ရပ်ဖို့ ကြေညာပြီး မကြာခင် ဂါဇာက အိမ်တလုံး အပစ်ခံရ
ဒီလို အစ္စရေးတို့ရဲ့ ယာယီ အပစ်ရပ်ထားမယ့် အစီအစဉ် စတင်ပြီးနောက် သိပ်မကြာခင်မှာပဲ အစ္စရေးတို့ ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ ဂါဇာက အိမ်တလုံး ထိမှန်ပြီး အနည်းဆုံး ပါလက်စတိုင်း ၁ ဦး သေဆုံး သွားတယ်လို့ ဂါဇာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဂါဇာ ဒေသက ကုလသမဂ္ဂ လက်အောက်ခံ စာသင်ကျောင်း အနီးတဝိုက်ကို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်တို့က အပြင်းအထန် ဝေဖန် ရှုံးချပြီး နောက်တနေ့မှာ အစ္စရေးတို့က အခုလို ၇ နာရီ အပြစ်ရပ်စဲဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

မနေ့က အဲဒီ ကုလသမဂ္ဂ စာသင်ကျောင်း အပစ်ခံရမှုမှာ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး အစ္စရေးတို့ကတော့ စာသင်ကျောင်း အနီးက စစ်သွေးကြွတွေကိုသာ ချိန်ရွယ် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဂါဇာဒေသမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ၄ ပတ်အတွင်း ပါလက်စတိုင်း ၁၈၀ဝ သေဆုံးခဲ့ပြီး ၉၀ဝ၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဌာနက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သက်သေမခိုင်လုံလို့ မွန်းတည့်နေ အယ်ဒီတာ ပြန်လွတ်

အပတ်စဉ်ထုတ် မွန်းတည့်နေ ဂျာနယ်က ဖမ်းဆီးခံရသူ ၆ ဦးထဲက အမှုဆောင် အယ်ဒီတာ ကိုရဲမင်းအောင်ကို ခိုင်လုံတဲ့ သက်သေမလုံလောက်လို့ဆိုပြီး ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီနေ့ လွှတ်ပေးခဲ့ပါတယ်။

ကျန်တဲ့ ၅ ဦးကို အရင်ကစွဲဆိုထားတဲ့ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ) နဲ့ ၅ (ည) တို့နဲ့ အမှုဖွင့် ထားရာကနေ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲတရားစွဲလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"အခု ကျင့်ထုံးပုဒ်မ ၁၆၉ အရပဲပေါ့၊ တရားစွဲဆိုမှု သက်သေခံချက်မလုံလောက်ရင် လျှော့ပေးရမှာပေါ့၊ ကျန်တဲ့လူတွေကိုတော့ ၅၀၅(ခ) /၃၄ (၃၄)ကတော့ ပူးပေါင်းကြံစည်တယ်ပေါ့ဗျာ၊ ဒါပေမဲ့ ဒါကလည်းနောက်တော့ ပြုတ်သွားမှာပေါ့ဗျာ၊ သမ္မတကြီးနဲ့ စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံမှုပေါ်မှာလည်းပဲ အခြေခံလို့ပဲယုံကြည်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သမ္မတကြီးက ထိခိုက်နစ်နာမှုမရှိအောင် ကူညီမယ်ဆိုတဲ့ အသီးအပွင့်ကို အောက်ခြေက အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်တာကြောင့်လည်း ပြောင်းသွားတာပါ၊ နို့မဟုတ်ရင်တော့ တော်တော်လည်းပဲ ပြင်းမှာ"

တရားစွဲဆိုခံရတဲ့လူတွေဟာ ပြစ်မှုထင်ရှားရင် ပုဒ်မ ၅၀၅ (ခ) နဲ့ အများဆုံး ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ခံ ရနိုင်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

မွန်တည့်နေဂျာနယ်က အယ်ဒီတာ ၃ ဦးနဲ့ သတင်းထောက် ၁ ဦးကို ပြီးခဲ့တဲ့ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီးခဲ့ပြီး ထုတ်ဝေသူ ဦးကျော်မင်းခိုင်နဲ့ မိတ်ဆွေဖြစ်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF အဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရ တင်မြှောက်” ဆိုတဲ့ သတင်းဖော်ပြမှုနဲ့ အရေးယူခံရတာဖြစ်ပါတယ်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က ကိုနောင်နောင်ကိုလည်း အလားတူ ပုဒ်မတွေနဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ကို တရားရုံးချိန်း သတ်မှတ်လိုက် တယ်လို့ သိရပါတယ်။

RFA Burmese

ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့၍ (၈)ဦးဒဏ်ရာရ



 ရန်ကုန်၊ သြဂုတ် ၎

 ၄.၈.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန်တွင် မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်း အတိုင်းတောင်မှမြောက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်စိုး၊ (၄၅)နှစ်မောင်းနှင်လာသော O----- (၇၉)ယာဉ်လိုင်း သန်မြန်သူ ခရီးသည်တင် ဒိုင်နာယာဉ်သည် (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းဆုံမီးပွိုင့်အနီးအရောက် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တွင် တိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၈)ဦးမှာ ပွန်းပဲ့ဖူးရောင် နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်(၅)ဦး၊ ပြင်ပလူနာအဖြစ် (၃)ဦး ဆေးကုသမှု ခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်စိုးအား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၇၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Bi မွန်းတည့်နေ သတင်းသမားတွေကို ရုံးထုတ်

ဇူလိုင် ၆ ရက်နေ့ထုတ် Bi မွန်းတည့်နေ ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်တယ်ဆိုတဲ့ သတင်းကို ရေးသားခဲ့တဲ့ သတင်းထောက်တွေကို တနင်္လာနေ့မှာ ရုံးထုတ်ခဲ့ပါတယ်။

အဲဒီအထဲက အယ်ဒီတာ ကိုရဲမင်းအောင် ကိုတော့ ပြန်လွှတ်ပေးလိုက်ကာ၊ ကျန် သတင်းထောက်တွေကိုတော့ စွဲဆိုထားတဲ့ ပုဒ်မတွေ ပြောင်းလိုက်ပြီး အသရေဖျက်မှု၊ ပူးပေါင်း ကြံစည်မှုတို့နဲ့ စွဲဆိုလိုက်ပါတယ်။

အခုလို ပုဒ်မ ပြောင်းလိုက်တဲ့အတွက် အရင် ပုဒ်မထက် ပြစ်ဒဏ် သက်သာနိုင်ပါတယ်။
ပြီးခဲ့တဲ ဇူလိုင်လအတွင်း ယူနတီ ဂျာနယ် သတင်းသမားတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးပြီး အရေးယူတာ ရှိခဲ့သလို၊ သူတို့ကို အရေးယူတာ မကျေနပ်လို့ သမ္မတကို ကန့်ကွက်တဲ့ ရန်ကုန်က သတင်းသမားတွေကိုလည်း ကမာရွတ် ရဲစခန်းမှာ တရားစွဲဖို့ ပြင်နေတာတွေလည်း ရှိပါသေးတယ်။

နိုင်ငံတကာကလည်း အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာ အရင်လို မဟုတ်ဘဲ နောက်ကြောင်း ပြန်လှည့်မယ့် လက္ဓဏာတွေ တွေ့နေရတယ် လို့ ဝေဖန်နေချိန်မှာ၊ အခုလို ဖမ်းဆီးထားတဲ့ သတင်းသမားတွေအပေါ် အမှုပြောင်းလိုက်တာဟာ တိုးတက်မှုတစ်ခု ဆိုပြီး သုံးသပ်မှုတွေ ရှိနေပါတယ်။

BBC Burmese