Tuesday, August 05, 2014

ဆိုက္ကားနှင့် လမ်းလျှောက်နေသူတို့အား တိုက်မိပြီး ဆက်လက်မောင်းနှင်စဉ် အခြားယာဉ် (၂)စီးအား ထပ်မံတိုက်မိ


ရန်ကုန်၊ သြဂုတ် ၆

၅.၈.၂၀၁၄ရက်နေ့ ၁၄၃၀အချိန် ရန်ကင်းမြို့နယ်၊ကံဘဲ့ဘူတာရုံလမ်းသွယ်အတိုင်းသစ္စာလမ်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော CC---တိုယိုတာစပရင်တာအဖြူရောင် အငှားယာဉ်သည် ဆိုင်ခန်းအမှတ် (၇)ရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ဆိုက္ကားနှင့် လမ်းလျှောက်သွားနေသူ ရန်ကင်းမြို့နယ်နေ ဒေါ်သန်းသန်းထွေးတို့အားတိုက်မိပြီး ဆက်လက်မောင်းနှင်
သွားခဲ့ပါသည်။

ထိုသို့မောင်းနှင်သွားခဲ့ရာသစ္စာလမ်းထိပ်အရောက်ဝဲဘက်သို့ချိုးကွေ့မာင်းနှင်စဉ်သစ္စာလမ်း အတိုင်း ကံဘဲ့ဘက်မှ မိုးကောင်းဘက်သို့ မောင်းနှင်လာသည့် 2G---ဟွန်ဒါဖစ်မီးခိုးရောင်ကိုယ်ပိုင်ယာဉ်အား ဆက်လက်တိုက်မိပြီးနောက်မောင်းနှင်ထွက်ပြေးခဲ့ရာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ၂ခ/---ကန်မရီနံ့သာရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက္ကားနှင့် ယာဉ်များပျက်စီးပြီး ယာဉ်တိုက်ခံရသူဒေါ်သန်းသန်းထွေးတွင် စုတ်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာရန်ကုန်ဆေးရုံကြီးတွင်အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်တင်ပို့ ကုသခဲ့ရပါသည်။
ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့်ယာဉ်တိုက်မှုဖြစ်ကာထွက်ပြေးတိမ်းရှောင်သွားသူ CC---ယာဉ်မောင်းအား ရန်ကင်းမြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၃၈/၂၇၉/၂၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment