Tuesday, August 05, 2014

“My Lovely Girl” ဇာတ်ကားတွင် f(x) အဖွဲ့မှ ခရစ္စတယ် ပါဝင်သရုပ်ဆောင်မည်

f(x)အဖွဲ့မှ ခရစ္စတယ်သည် မကြာမီ ရိုက်ကူးမည့် SBS ဇာတ်လမ်းတွဲ “My Lovely Girl”တွင် မင်းသားချောရိန်းနှင့် အတူ အဓိက အခန်းကဏ္ဍမှ ပါဝင် သရုပ်ဆောင် မည်ဖြစ်ကြောင်း k pop သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။ ခရစ္စတယ်သည် ယင်းဇာတ်လမ်းတွဲတွင် အဓိက ဇာတ်ဆောင် မင်းသမီး ဆီနာအဖြစ် သရုပ်ဆောင်ရန် အတည်ပြု ပြောကြား ထားပြီးဖြစ်သည်။

၎င်းသည် ရိန်းထက် အသက် ၁၂ နှစ်ငယ်ပြီး အပြစ်ကင်းသည့် မိန်းမလှလေး ပုံစံပေါက်သည့် အပြင် အမြင် စူးရှသောကြောင့် ဇာတ်ကားအတွင်း ဆီနာ၏ အခန်း ကဏ္ဍတွင် အံဝင်ဂွင်ကျ သရုပ်ဆောင် နိုင်မည့်သူဖြစ်ကြောင်း၊ ထို့အပြင် ဂီတလောကမှ လာသည့် အတွက် ပိုပြီး အဆင်ပြေမည် ဖြစ်ကြောင်း၊ ဇာတ်လမ်းတွဲ ထုတ်လုပ်သူက မှတ်ချက်ပြု ပြောကြားခဲ့သည်။

“အစ်ကိုရိန်းနဲ့ အတူတူ ဇာတ်လမ်းတွဲ ရိုက်ရမယ်ဆိုတာ ကျွန်မနေနဲ့ မယုံနိုင်စရာပါဘဲ၊ ဒီလိုဖြစ်မယ် လို့လည်း ဘယ်တုံးကမှ မတွေးမိခဲ့ပါဘူး”ဟု  ခရစ္စတယ် ကပြောကြား ခဲ့သည်။

Mizzima

0 comments:

Post a Comment