Tuesday, August 05, 2014

စင်းလုံးငှား လူနာတင်လေယာဉ် ၀န်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်မည်

 မြန်မာနိုင်ငံမှာ လူနာတင်လေယာဉ် ၀န်ဆောင်မှု လုပ်ငန်းကို ထိုင်းနဲ့ မြန်မာကုမ္ပဏီတွေ ပူးပေါင်း လုပ်ဆောင် ဖို့ ရှိနေပြီး ပြည်တွင်းမှာ လာရောက် ရင်းနှီမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကြောင့် ဒီလုပ်ငန်းဟာ အနာ ဂတ်မှာ အရေးပါ တဲ့ ဈေးကွက်တခု ဖြစ်လာမယ်လို့ Myanmar MJETS Business Aviation Centre က စီမံခန့်ခွဲရေး ဥက္ကဋ္ဌက ပြောပါတယ်။MJets_CJ3ပြည်တွင်းက Myanmar MJETS Business Aviation Centre က စင်းလုံးငှားလေယာဉ် ၀န်ဆောင်မှု နဲ့ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံက ပုဂ္ဂလိက ပိုင် လေကြောင်းကုမ္ပဏီတခုဖြစ်တဲ့...

ဘင်္ဂါလီများကို နိုင်ငံသား ဟုတ် မဟုတ် လူတွေ့စစ်ဆေးမှုစတင်

ရန်ကုန်၊ သြဂုတ် ၅ နိုင်ငံသားအဖြစ် လျှောက်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဘင်္ဂါလီ တစ်ထောင်ကျော်အနက် ၁၀ ဦးကို သြဂုတ်လ ၅ ရက်နေ့တွင် လူချင်းတွေ့ဆုံကာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမောင်ရေချမ်းက ပြောကြားသည်။ နိုင်ငံသား အဖြစ် လျှောက်ထားသူ ၁၀၉၄ ဦးတွင် ၇၈၀ ကျော်မှာ မိဘများ ဖြစ်ကြသဖြင့် အဆိုပါ မိဘများကိုသာ စစ်ဆေးမည်ဖြစ်ပြီး နိုဝင်ဘာလ နောက်ဆုံးအပတ်အထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် စစ်ဆေးခဲ့သူများမှာ သုံးခေါက်ချိုးကတ်...

အွန်လိုင်းစာသောက်ဆိုင်လမ်းညွှန် MyLann စာမျက်နှာ စတင်တော့မယ်

မြန်မာပြည်သူတွေ စားသောက်ဆိုင်တွေကို အလွယ်တကူရှာဖွေပေးနိုင်မယ့် လမ်းညွှန်နဲ့ အစား အသောက်ဆိုင်ရာ လမ်းညွှန်တွေကို ပေးမယ့် MyLann အင်တာနက်စာမျက်နှာ ပေါ်ပေါက်လာပါပြီ။ ဒီလမ်း ညွှန်စာ မျက်နှာဟာ မြန်မာပြည်သူတွေအတွက် အဓိကရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲ။ မြန်မာနိုင်ငံ မှာ လမ်းညွှန်တစ်ခုခုနဲ့ပတ်သက်ရင် စာအုပ်ကိုသာ အဓိကထုတ်ဝေနေခဲ့ပေမယ့် အခုတော့ Online နည်းပ ညာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုတာ များလာတာကြောင့် လမ်းညွှန်ရှာဖွေရာမှာ ပုံနှိပ် စာအုပ်တွေက စာမျက်နှာအခက်အခဲနဲ့ အချက်အလက် မပြည့်စုံတာတွေ ရှိတာကြောင့်...

ဆိုက္ကားနှင့် လမ်းလျှောက်နေသူတို့အား တိုက်မိပြီး ဆက်လက်မောင်းနှင်စဉ် အခြားယာဉ် (၂)စီးအား ထပ်မံတိုက်မိ

ရန်ကုန်၊ သြဂုတ် ၆ ၅.၈.၂၀၁၄ရက်နေ့ ၁၄၃၀အချိန် ရန်ကင်းမြို့နယ်၊ကံဘဲ့ဘူတာရုံလမ်းသွယ်အတိုင်းသစ္စာလမ်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော CC---တိုယိုတာစပရင်တာအဖြူရောင် အငှားယာဉ်သည် ဆိုင်ခန်းအမှတ် (၇)ရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ဆိုက္ကားနှင့် လမ်းလျှောက်သွားနေသူ ရန်ကင်းမြို့နယ်နေ ဒေါ်သန်းသန်းထွေးတို့အားတိုက်မိပြီး ဆက်လက်မောင်းနှင်သွားခဲ့ပါသည်။ ထိုသို့မောင်းနှင်သွားခဲ့ရာသစ္စာလမ်းထိပ်အရောက်ဝဲဘက်သို့ချိုးကွေ့မာင်းနှင်စဉ်သစ္စာလမ်း အတိုင်း ကံဘဲ့ဘက်မှ မိုးကောင်းဘက်သို့ မောင်းနှင်လာသည့် 2G---ဟွန်ဒါဖစ်မီးခိုးရောင်ကိုယ်ပိုင်ယာဉ်အား...

ရထားလမ်းအားဖြတ်ကူးသူအမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံး

ရန်ကုန်၊ သြဂုတ် ၆ ၅.၈.၂၀၁၄ရက်နေ့ ၂၁၃၀အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အင်းဝလမ်း မီးရထားသံလမ်းဂိတ်အနီးတွင် အမျိုးသားတစ်ဦး ရထားတိုက် ခံရသဖြင့် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့် ရှိ အမည်မသိ မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းနောက်စေ့၊ ဝဲဒူးတို့ တွင် ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၂၁၂၀အချိန် သေဆုံးသူအမျိုးသားသည်...

နစ်မြုပ် အဏ္ဏ၀ါမင်း ငါးဖမ်းစက်လှေက ရေလုပ်သားများကို ရှာဖွေနေဆဲ

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်ကြား ပင်လယ်ပြင်ထဲမှာ အဏ္ဏ၀ါမင်း ၉ အမည်ရှိ ပုဂ္ဂလိက ငါးဖမ်းစက်လှေတစီး နစ်မြှုပ်ခဲ့ရာမှာ ရေလုပ်သား ၆ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေ မယ့် ပျောက်ဆုံးနေ သူတွေကို ဆက်လက်ရှာဖွေနေရတယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။ အဏ္ဏာဝါမင်း အမှတ် ၉ ငါးဖမ်းလှေဟာ သြဂုတ် ၂ ရက်နေ့ မွန်းလွဲပိုင်းက နစ်မြုပ်သွားတာ ဖြစ်ပါတယ်။ စက်လှေပေါ် မှာ လူ ၂၅ ဦး လိုက်ပါသွားရာမှာ လက်ရှိ ကျောက်ဖြူမြို့ကို လူ ၆ ဦး ပဲရောက်ပြီး ၁၉ ဦး ပျောက်ဆုံးနေ တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး...

“My Lovely Girl” ဇာတ်ကားတွင် f(x) အဖွဲ့မှ ခရစ္စတယ် ပါဝင်သရုပ်ဆောင်မည်

f(x)အဖွဲ့မှ ခရစ္စတယ်သည် မကြာမီ ရိုက်ကူးမည့် SBS ဇာတ်လမ်းတွဲ “My Lovely Girl”တွင် မင်းသားချောရိန်းနှင့် အတူ အဓိက အခန်းကဏ္ဍမှ ပါဝင် သရုပ်ဆောင် မည်ဖြစ်ကြောင်း k pop သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။ ခရစ္စတယ်သည် ယင်းဇာတ်လမ်းတွဲတွင် အဓိက ဇာတ်ဆောင် မင်းသမီး ဆီနာအဖြစ် သရုပ်ဆောင်ရန် အတည်ပြု ပြောကြား ထားပြီးဖြစ်သည်။၎င်းသည် ရိန်းထက် အသက် ၁၂ နှစ်ငယ်ပြီး အပြစ်ကင်းသည့် မိန်းမလှလေး ပုံစံပေါက်သည့် အပြင် အမြင် စူးရှသောကြောင့် ဇာတ်ကားအတွင်း ဆီနာ၏ အခန်း ကဏ္ဍတွင် အံဝင်ဂွင်ကျ သရုပ်ဆောင် နိုင်မည့်သူဖြစ်ကြောင်း၊ ထို့အပြင် ဂီတလောကမှ...